"ဒါပေမဲ့..."
"ထွက်သွား!!"
ဂွန်းအတော်ပင်စိတ်တိုနေမိသည်။လွန်းငယ်ကို စိတ်ရှုပ်ထွေးအောင်လုပ်တဲ့သူမှန်သမျှကို ဂွန်း သတ်ပြစ်ချင်လောက်အောင်ထိ စိတ်တိုနေမိသည်။ဂွန်းရဲ့အကြည့်တွေ အစထဲကသူ့ကိုမကြည်လင်ခဲ့တဲ့ လွန်းငယ်က ခုသူ့ကို မုန်းတီးသလိုပင်ကြည့်သွားတဲ့အကြည့်ကြောင့် ဂွန်းစိတ်မစဉ်မှာ အတော်ပင်ထွေပြားသွားရသည်။ဆုဟန်နီဆိုသောမိန်းမထွက်မသွားခင်ပင် ဂွန်းထိုးမိန်းမကိုကြောပေးခါ အရင်ဦးအောင်ထွက်လာခဲ့လိုက်သည်။
"တီဝါ လွန်းငယ် အခန်းထဲမှာလား"
"ဟုတ်တယ်သား ရာရာလေးအခန်းထဲဝင်သွားတယ် မျက်နှာလည်းမကောင်းဘူးသား"
"ဟုတ်တီဝါ ကျွန်တော် လိုက်သွားလိုက်မယ် လင်းလက်ကိုပြောပေးပါတီဝါ ဆုဟန်နီဆိုတဲ့မိန်းမကို နောက်တစ်ခါ စံအိမ်တော်ထဲခြေမချစေဖို့ ခြံစောင့်ကိုသွားပြောထားဖို့ပြောပေးပါ"
"ဟုတ်ပြီသား တီဝါ သွားပြောခိုင်းလိုက်ပါ့မယ်"
"ဟုတ်"
ဂွန်းအပေါ်တက်က လွန်းငယ်လေးရှိတဲ့အခန်းစီသို့သာတက်လာခဲ့လိုက်သည်။
'ဒေါက် ဒေါက်'
"လွန်းငယ် ကိုကိုဝင်လာခဲ့မယ်နော်"
"...."
"လွန်းငယ်လေး"
"..."
"ကိုကို ဝင်လာခဲ့ပြီနော်"
ဂွန်းခေါ်နေပေမဲ့လည်း အခန်းထဲကတော့တုန့်ပြန်သံထွက်မလာခဲ့ပေ။
"လွန်းငယ်"
"...."
"ကျွီ!...."
နောက်ဆုံး ဘာသံမှထွက်မလာတာကြောင့် ဂွန်း အခန်းတံခါးကိုဖွင့်ကာဝင်လာခဲ့လိုက်တော့ လွန်းငယ်က စာပွဲတွင်ထိုင်ကာ စာရေးနေသည်ကိုတွေ့လိုက်ရသည်။
"လွန်းငယ် ဘာတွေရေးနေတာလဲဟင်"
"ရော့...ခင်ဗျားချစ်သူလိုချင်တဲ့စာ"
လွန်းငယ် ကမ်းပေးလာသော စာရွက်ကိုနားမလည်စွာပင်လှမ်းယူကာ ဂွန်းဖတ်လိုက်မိသည်။
YOU ARE READING
💛အဖြူရောင်နှောင်ကြိုး💛ခေတ္တရပ်နား🙏
Romanceအမွေရဖို့အတွက်နဲ့ ရုပ်ဆိုးနဲ့ဖတ်တီးကြီးကိုလက်ထပ်ဖို့များ ဘာလို့စီစဉ်ခဲ့တာလည်းဖေဖေရာ တစ်ဦးတည်းသောသားဖြစ်တဲ့ ကျွန်တော်ကိုပေးခဲ့လည်းရနေတာကို မွေးစားသားရုပ်ဆိုးကြီးနဲ့လက်ထပ်ဖို့ ဖေဖေမို့စီစဉ်ရက်တယ် ဂွန်းမဟာဗိုလ် ဖေဖေစီစဉ်တဲ့အတိုင်းလိုက်နာဖို့အဆင...