Part - 5 (Z+U)

10.8K 1.5K 79
                                    

🍼 ဂနာမငြိမ်ဖြစ်ခြင်း (Uni)

ချိယွီက ပြဿနာတွေရှာရတာကို မကြိုက်ဘူး ၊ ဒါပေမယ့် အဲ့ဒါက သူ ပြဿနာဖြစ်မှာ ကြောက်တယ်လို့လဲ မဆိုလိုဘူး။

သူက အဆင့်ကောင်းရုံသာမကဘဲ ၊ သူ့မှာ အားကောင်းတဲ့ 'လက်‌တွေ့' စွမ်းရည်လဲရှိတယ်။

ချိယွီဟာ နှစ်အတော်ကြာ ဘေးအိမ်က အငြိမ်းစား အဘိုးကြီးတစ်ယောက်ဆီကနေ ကိုယ်ခံပညာကို သင်ယူခဲ့တာဖြစ်တယ်။သူ့ကို ဆရာလို့ မပြောနိုင်ပေမယ့် သူ့စွမ်းရည်က သာမန်လူတွေကို ပစ်ပေါက်ဖို့တော့ လုံလောက်တယ်။ဒါ့ကြောင့် သူ့ကိုကျောင်းမှာဘယ်သူမှ nerd လို့မခေါ်ရဲကြဘူး ၊ ပြီးတော့ သူ့မှာ fanအများအပြားတောင်ရှိနေသေးတယ် ။

ဒါပေမယ့် ၊ ဟယ်ကျိုးကတော့ သေချာပေါက် 'သာမန်လူ' မဟုတ်လောက်ဘူး။

ချိယွီရဲ့ လက်ရှိ ခန္ဓာကိုယ်က အားနည်းပြီး အလေးချိန် တစ်ရာကျင်*(ပေါင်၁၁၀)ခန့် ရှိတယ်။သူဘယ်လောက်ပဲ အားနည်းနေပါစေ ဟယ်ကျိုးရဲ့အားနည်းချက်ကို နှစ်ကြိမ်တိုင်တိုင် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ချိန်ထားခဲ့ပေမယ့် ဟယ်ကျိုးကတော့ မတုန်မလှုပ်ရှိနေခဲ့တယ်။ဟယ်ကျိုးပြောခဲ့သလိုပါဘဲ ၊ ချိယွီရဲ့ တိုက်ခိုက်မှုက သူ့ကို ကုတ်ရုံလောက်ပဲရှိတာပါ ။

(T/N- * Jin : jin သည် 500 ဂရမ် (0.5 ကီလိုဂရမ် သို့မဟုတ် 1.1023 ပေါင်) အတိအကျနှင့် ညီမျှသော မက်ထရစ်ယူနစ်တစ်ခုဖြစ်ပြီး 10 liang ဖြင့် ပိုင်းထားသည်။ ကီလိုဂရမ်ကို အများအားဖြင့် gongjin သို့မဟုတ် "မက်ထရစ်ဂျင်" ဟုခေါ်သည်။ ဂျင်စာလုံးပေါင်း chin နှင့် gin ကိုလည်း jin အတွက် သုံးသည်။ )

ချိယွီကတော့ ဒီ ကမ္ဘာမှာ သဘာဝလွန်စွမ်းအားများရှိနေတာလားလို့ မတွေးဘဲမနေနိုင်ခဲ့ပါဘူး ၊ မဟုတ်ရင် ဘယ်လိုလုပ်ပြီး ဒီလောက်အားကောင်းသန်မာတဲ့ ခန္ဓာကိုယ်မျိုးရှိမှာလဲ ?။

ချိယွီက ဒီအချက်ကို မှတ်သားလိုက်ပြီး ၊ အဲ့ဒါကို စစ်ဆေးကြည့်ဖို့ ဆုံးဖြတ်လိုက်တယ် ။

ဒီအကြောင်းကိုစဉ်းစားကြည့်လိုက်တော့ ၊ သူ့မှာ မျှော်လင့်ချက်ရှိလာသလို ခံစားလိုက်ရတယ် ။နောက်ဆုံးတော့,ဘယ်ကောင်လေးက စူပါပါဝါနဲ့ စွမ်းရည်တွေအကြောင်း စိတ်ကူးမယဉ်ဘူးလို့လဲ ။

『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ』COMPLETE in paid gpWhere stories live. Discover now