part 1

189 6 0
                                    

2010ခုနှစ်ဝန်းကျင်...

အချိန်ကား ညနေ၄နာရီကျော် သာယာကုန်းရွာ ဟု၍ရေးထိုးထားသောဆိုင်းဘုတ်နှင့်မနီးမဝေး အရိပ်ရသစ်ပင်ကြီးအောက်မှာ ခရီးဆောင်အိတ်ကြီးကြီး၁ခုနှင့် သေတ္တာပုံစံလေးထောင့်ပုံး၃ခု တခြားအိတ်သေးသေးလေးတချို့နှင့်အတူ အမျိုးကောင်းသားတစ်ဦးရှိနေလေသည် ထိုသူကား တခြားသူတော့မဟုတ် သာယာကုန်းရွာလေးနှင့် ၇နှစ်ကျော်မျှ ဝေးကွာနေသော သာယာကုန်းရွာရဲ့မျက်နှာဖုံးသူဌေးကြီး ဦးငွေတိုး+ဒေါ်ခင်မြတို့ရဲ့သား
သျှားခန့်မောင်ပင်ဖြစ်သည်

၄နာရီကျော် ၅နာရီဆိုတာ အလုပ်သိမ်းချိန်မို့ ရွာထဲဝင်လာသော နွားလည်းများနှင့် ယာထဲမှပြန်လာကြသူများကတော့ သျှားခန့်မောင်အား စပ်စုသောသိလိုသောမျက်လုံးများဖြင့်ကြည်ကြလေသည် သူဒီနေရာမှာရပ်နေတာလည်း၁၅မိနစ်ကျော်နေပြီမို့
မြို့မှစီးလာသောကားက ရွာထိပ်မှာပဲရပ်ပေးတာမို့
အကြိုခေါ်ကာစောင့်ရလေသည်  သယ်စရာအထုတ်ကများတာမို့ ရွာထိပ်နဲ့ရွာထဲမဝေးပေမဲ့လှည်းယူခဲ့ဖို့ကြိုပြောထားရသေးရဲ့ ဖေကြီးရဲ့လည်းစောင့်နေရင်းရွာထိပ်မှာပဲအိပ်ရတော့မလားမသိပါဘူးဗျာ

ထိုအချိန်မှာပဲ ယာခင်းကပြန်လာတဲ့လုံမတစ်ချို့သျှားခန့်မောင်အနားမှဖြတ်သွားကြပြန်ပါပြီ
အကြည့်ကလည်းမရည်ရွယ်ပါပဲ သူတို့ဆီရောက်မိတော့ ခမောက်ကိုယ်စီဆောင်းထားကြပြီရှက်လို့ထင်ရဲ့ခေါင်းတွေငုံ့ထားကြလေရဲ့
ကျွန်တော့အနားရောက်ခိုက်မော့ကြည့်လာတဲ့ခေါင်းလေးတစ်လုံး ခမောက်ကြီးကြီးပေါ်မှာပုဆိုးပိုင်းကို
ထပ်အုပ်ထားပြီး လေဒဏ်နေဒဏ်အကာကွယ်အောက်မှ မျက်ဝန်းလှလှလေးတစ်ဆုံ တစ်ခနလေးဆုံချိန်မှာ မျက်တောင်ခက်ဖို့လည်းမေ့နေမိသလို အသက်ရှူဖို့လည်းမေ့သွားမိအောင် လှပလွန်းတဲ့မျက်ဝန်းလေးနဲ့မျက်တောင်ကော့ကော့လေးတွေ
သူကအကြည့်လွှဲသွားပေမဲ့ ကျွန်တော့မှာတော့ သံလိုက်ရဲ့ဆွဲအားနဲ့ဆွဲငြင်ခံလိုက်ရတဲ့သံကလေးလို
သူ့ဆီမှအကြည့်မလွှဲနိုင်ခဲ့ လှပလွန်းတဲ့မျက်ဝန်းလေးရေ....
မျက်ဝန်းအကြောင်းတွေး​ေနစဉ်မှာပဲ ငှက်ဆိုးထိုးသံကြီးကြောင့်နားအူသွားတော့တာပါပဲ

မျက်ဝန်းမှသည်...နှလုံးသားဆီသို့...(မျက်ဝန်းမှသည်...နှလုံးသားဆီသို့ ...)Where stories live. Discover now