Part3

56 6 1
                                    

ဒီနေ့လေးကတော့ ရာသီဥတုက သာယာတဲ့နေ့လေးတစ်နေ့ပေ့ါ ပြီးတော့ မမထွေးမြတို့နဲ့အတူ ကျွန်နော်တို့ပဲခင်းမှာ ပေါင်းနုတ်ကြမလို့လေ အစကတော့ အန်တီလေးကသူလိုက်မယ်လုပ်နေပေမယ့် ကျွန်တော့ရဲ့တားမြစ်မှုကြောင့် အန်တီလေးမလိုက်ပဲ ကျွန်တော် လိုက်မယ်ဖြစ်သွားခဲ့တယ်
အခုကတော့ အန်တီလေးအလိုကျ သနပ်ခါးရေကျဲလူးနေရပါတယ် နေပူဒဏ်ကာကွယ်အောင်ဆိုပြီး သူကိုယ်တိုင်လိမ်းပေးတာပေါ့ဗျာ အထွန့်လဲမတက်ရဲ့ပါဘူး ကိုယ်ကသူ့ကိုပေါင်းနုတ်မလိုက်ခိုင်းထားတော့ သူ့သဘောကျနေရတာပေါ့
မလိုက်ခိုင်းချင်တာ တခြားတော့မဟုတ်ပါဘူး
မမထွေးမြတို့က အဖွဲ့စုံရင် အကြောင်းစုံပြောကြတာ အန်တီလေးကိုလည်း ယောကျာ်းပေးစားချင်ကြသေးတာ ကျွန်တော်ကတော့ အတ္တြကီးတယ်ပဲပြောပြော အန်တီလေးကို တခြားသူလက်ထဲမထည့်ပေးနိုင်ပါဘူး ကျွန်တော်နဲ့ပဲတစ်သက်လုံးနေစေချင်တာ မတော်လို့ မမထွေးမြတို့က ဟိုလူအကြောင်းတွေပြောရင် ဘယ့်နှယ့်လုပ်မတုန်း ကိုယ့်အန်တီလေးက လေးဆယ်ကျော်လို့မထင်ရအောင်လှတုန်းပတုန်း ဟိုလူကမျက်စိကသရမ်းသေးရဲ့ ဟိုရက်ကလည်း ခနပဲဆုံလိုက်တာကို အကြည့်တွေက ရမ်းရမ်းကားကား ရုပ်ရည်နဲ့မှမလိုက်ဖက်
အကြည့် စူးစူးတွေနဲ့ကြည့်နေတဲ့မျက်လုံးကို ခုန်နိုက်ပစ်လိုက်ချင်တာ ကိုယ့်အမတွေကိုကြည့်နေတာလေ
အမှတ်မထင် သူနဲ့အကြည့်ဆုံလိုက်သေးတယ် မုန်းလိုက်တာ ဖိုးထူးပြောပုံအရတော့ သူကရွာထဲက တစ်ယောက်ယောက်ကိုကြွနေပြီတဲ့ ကျွန်တော့်အန်တီလေးလို့ ထင်တယ်ဆိုပြီးပြောတော့ ကျွန်တော့်မှာသွေးတက်ရသေးတယ်
ဘယ်လိုပဲ ချောတယ်ပြောပြော ကိုယ့်အန်တီလေးနဲ့တော့ သဘောမတူနိုင်ပါဘူးနော် ဟွန့်

"အော်...ကဲ ငြိမ်ငြိမ်လေးနေစမ်းပါဦး ချစ်မွှေးလေးရယ် အန်တီးလေးကိုလည်း နှုတ်ခမ်းကြီးနဲ့ထိုးမိပါဦးမယ်
ပေါင်းနုတ်လိုက်ချင်တယ်ဆိုလည်း အပူဒဏ်ကိုတော့ကာကွယ်ရမယ်လေ သွားအန်တီလေးဝတ်ခိုင်းတာတွေဝတ်အုန်း"

"ဟုတ်ကဲ့ပါဗျာ"

အန်တီလေးအလိုကျချည်သားပုဆိုးကိုရှည်ရှည်ပြင်ဝတ်လိုက်ပြီး လက်ရှည်အင်္ကျီကိုတော့ မြင်းခြံဘက်ကနေ အန်တီလေးဝယ်ပေးထားတဲ့ ချည်သားလက်ရှည်လေးထပ်ဝတ်လိုက်တယ် ဝါးခမောက်လေးဆောင်းပြီး ဖျဉ်တဘတ်ကို
ခမောက်ပေါ်ကထပ်ချည်လိုက်တယ် အန်တီလေးက အဲ့လိုချည်ရင် လေတိုက်တဲ့အခါအေးပြီးအမောပြေတယ်ပြောတာပဲ(မြင်သာရဲ့လားမသိဘူး ခမောက်အပေါ်ကနေ တဘတ် ပုဆိုးပိုင်း အဲ့လိုမျိုးထပ်ချည်တာကလေ တကယ်လေတိုက်တဲ့အခါ အမောပြေပါတယ် လေဝင်လေထွက်လည်းကောင်းပါတယ်ဗျ ကျနော်တို့တော့ ယာခင်ဆင်းရင်အဲ့လိုပဲချည်တတ်တယ်ဗျ)
အိမ်ရှေ့မှာလည်း မမထွေးမြတို့ကစောင့်နေပြီမို့ အန်တီလေးပြင်ပေးထားတဲ့ နှီးတောင်းကိုပွေ့ပြီး ယာခင်းဆီ ချီတက်ကြပါတော့တယ်

မျက်ဝန်းမှသည်...နှလုံးသားဆီသို့...(မျက်ဝန်းမှသည်...နှလုံးသားဆီသို့ ...)Where stories live. Discover now