Part6

27 2 1
                                    

"ချစ်မွှေးလေးရေ မမလာတယ်နော်"

လူမလာခင် အသံအရင်ကြားရပါသော အမထွေးမြတစ်ယောက် ဒီလောက်အာပြဲတာ ဘယ်လိုလူတွေကသူ့ကိုကြိုက်ကြသလဲစဉ်းစားလို့တောင်မရ
အိမ်မှာ သုပ်တဲ့လက်ဖက်သုပ်က သူ့အိမ်ထိများအနံ့ရသလားမသိဘူး ကွက်တိရောက်လာတယ်
သူ့ထက်တိုက်ဆိုင်တာတောင်သူ့လောက်မတိုက်ဆိုင်နိုင်ဘူးရယ်.....

"အန်တီလေး လက်ဖက်သုပ်လေးကမွှေးလိုက်တာတော် စားရကံကြုံလို့ ထွေးမြတို့တော့ နားရွက်ပျားစွဲတာပဲ"

"မုတ်ဆိတ် ပျားစွဲတာမဟုတ်ဘူးလား မမထွေးမြရဲ့"

"ဟဲ့ ငါ့မှာ မုတ်ဆိတ်မှမရှိတာကို ရှိတာပဲစွဲမှာပေါ့လို့"

မမထွေးမြရဲ့ စကားကြောင့် အန်တီကလည်း ရယ်ပါတယ် ကျွန်တော်ကတော့ မျက်စောင်းတစ်ချက်အရင်ကျွေးလိုက်ပြီးမှ လက်ဖက်သုပ်ပန်းကန်ကို ရှေ့တိုးပေးလိုက်တယ်

"ကဲ သားတို့မောင်နှမနှစ်ယောက်ပဲ စကားပြောရင်းစားကြ အန်တီလေးက ရွာလယ်က ဒေါ်ပုတို့အိမ် ခနသွားလိုက်ဦးမယ် ပေါင်းသတ်ဆေးမှာမလို့လေ"

"ဟုတ်ကဲ့​အန်တီလေး သမီး ချစ်မွှေးလေးနဲ့စကားပြောရင်း အဖော်နေပေးလိုက်မယ်နော်"

လူကိုများ ကလေးလည်းမဟုတ် မိန်းကလေးလည်းမဟုတ်တာကိုသူကအဖော်စောင့်နေပေးဦးမယ်တဲ့
စားချင်တာနဲ့ ညဏ်ဆင်နေတာမသိရင်ခက်မယ်
ဘာများပြောစရာရှိလဲ ခနစောင့်ကြည့်ရသေးတာပေ့ါ နေပါဦး ဇွန်းကိုလက်ကမချတော့ဘူးလား
ကျွန်တော့်မှာစားကိုမစားရသေးတာလေ သူကမပြီးနိုင်တော့ဘူး တစ်ဇွန်းပြီးတစ်ဇွန်းစားနေတာ

"မမထွေးမြ ဇွန်းကလူကြီးအိမ် သွားတိုင်ပြီးမှ
ရတော့မှာလား လက်ကကိုမချတော့ဘူးနော်"

"ဟယ် ငါ့မောင်လေးကလည်း အန်တီလေးလက်ရာစားကောင်းလို့ ဇွန်းပြန်ပေးဖို့မေ့သွားလို့ပါဟီး "

"အန်တီလေးသုပ်တာမဟုတ်ပါဘူး ကျွန်တော်စားချင်လို့ ကိုယ်တိုင်သုပ်ထားတာ ဆိုပါဦးလာရင်းကိစ္စ
လက်ဖက်သုပ်စားဖို့မဟုတ်ရင် တခြားကိစ္စရောရှိဦးမလားလို့"

မျက်ဝန်းမှသည်...နှလုံးသားဆီသို့...(မျက်ဝန်းမှသည်...နှလုံးသားဆီသို့ ...)Where stories live. Discover now