ရာသီဉတုသာယာအေးမြတဲ့ ညနေခင်းတစ်ခုမှာ စာကြည့်တိုက်အတွင်း တိတ်ဆိတ်ခြင်းကို အဖော်ပြုရင်း စာဖတ်နေတဲ့ လူတစ်ဦးရှိနေခဲ့တယ်
စာဖတ်နေတယ်ဆိုပေမယ့် အကြည့်တို့ကစာအုပ်ပေါ်မှာဖြန့်ကျက်ထားသော်လည်း စိတ်တွေဟာ အဝေးကို မျောလွင့်နေဆဲ အတွေးထဲမှာစိုးမိုးနေတဲ့ ပုံရိပ်လေးဟာထိုကလေးပါပဲ ပုံမှန်ဆို စာကြည့်တိုက်လေးကို စောင့်ပေးတဲ့ဦးလေးရှိပေမယ့် ဒီနေ့တစ်ရက် ကျွန်တော်ရှိနေမှာမို့ ဦးလေးက သူ့အိမ်ကိုခဏပြန်သွားခဲ့တယ် တိတ်ဆိတ်နေတဲ့စာကြည့်တိုက်လေးထဲမှာတော့ ကျွန်တော်ပျင်းမှာစိုးလို့ဆိုပြီး ထိုဦးလေးကြီးကပဲ ရေဒီယိုသံတိုးတိုးလေးဖွင့်ပေးထားခဲ့တယ် FMမှလာနေတဲ့သီချင်းများက ခင်မောင်တိုးသီချင်းတွေသီးသန့်လွှင့်ပေးနေတာမို့ တိတ်ဆိတ်တဲ့အနေထားမှာ အေးငြိမ့်တဲ့သံစဉ်လေးတွေနဲ့ သာယာဖွယ်အခိုက်တန့်လေးပါပဲ
စာကြည့်တိုက်လေးမှာ သုတ ရသ ဝတ္ထုရှည် မဂ္ဂဇင်း ဂျာနယ် သတင်းစာ ကဗျာစာအုပ်လေးတွေကအစ အခမဲ့ငှါးရမ်း ဖတ်ရှု့နိုင်အောင်စီစဉ်ပေးထာတာပဲဖြစ်ပါတယ် ဒီရက်ပိုင်အတွင်း သိသိသာသာရှောင်နေတတ်တဲ့ထိုကလေးဟာ စာကြည့်တိုက်ကိုလာတတ်တယ်လို့ သတင်းရထားတာမို့ ဒီနေ့တော့သူ့ကိုလာစောင့်နေတာဆိုလည်းမမှားပါဘူး
ကျွန်တော်ဖွင့်ပြောလိုက်လို့ သူလေးကရှောင်နေတယ်ဆိုတာကို သိနေခဲ့ပါတယ် ဘယ်လိုပဲရှောင်နေပါစေ နီးစပ်အောင်ကြိုးစားမှာမို့ လွတ်အောင်ရှောင်ထားပေါ့ကလေးလေးရာ အချစ်ဆိုတဲ့အရာဟာ ဆန်းကြယ်တယ်ဆိုတာ မချစ်တတ်ခင်အခါကတော့ တကယ်ကိုမသိခဲ့ပါဘူး ကျောင်းမှာတုန်းကလည်း လှပျိုဖြူတွေအများကြီးကြုံခဲ့ဖူးပေမယ့်
ချစ်သူထားရမယ့်အရွယ် တက္ကသိုလ်ဆိုတာအချစ်ပုံပြင်လေးတွေဖန်တီးရမဲ့ အချိန်ခါဆိုပြီး သူငယ်ချင်းတွေ တိုက်တွန်းခဲ့ကြပေမယ့်လည်း ရင်မခုန်ဖူးသလို အချစ်ဆိုတာကိုလည်းမခဲစားခဲ့ဖူးပါဘူး အချစ်ကိုစသိတဲ့အခါမှာတော့ သဘောကျခြင်းလေးကအစပြုလို့ သူ့အကြောင်းကိုအမြဲတွေးတတ်လာတယ် တွေးတိုင်းလည်း နှုတ်ခမ်းများဟာအလိုလိုကွေးညွှတ်စေတယ် ကြည်နူးစရာအခိုက်တန့်တွေမရှိခဲ့ဖူးတာကိုပဲ ဘောက်ဆတ်ဆတ်ထိုကလေးရဲ့ပုံရိပ်တွေကပဲ ကျွန်တော့်ကိုပြုံးစေတယ်
အစပိုင်းမှာ သဘောကျတယ် သဘောကျရတဲ့အကြောင်းရင်းလေးတွေများလာတဲ့အခါ ချစ်မိသွားတာပါပဲ မချစ်ဖူးတော့လည်း ဒါဟာအချစ်မှဟုတ်ရဲ့လားလို့ သံသယဖြစ်ဖူးခဲ့တယ် ထိုကလေးကိုမိန်းကလေးလို့ထင်မှတ်ခဲ့ပေမယ့် ယောကျာ်းလေးဆိုတာသိပြီးတဲ့အထိ သဘောကျစိတ်ကိုထိန်းမရခဲ့ပါဘူး ကြာလာတာနဲ့အမျှကျွန်တော်သိလာခဲ့ရတာကတော့ ကျွန်တော်သဘောကျတာ ရင်ခုန်တာ ချစ်မိသွားတာဟာ ချစ်မွှေးဆိုတဲ့ ဒီကလေးပါပဲ
ယောကျာ်းသော မိန်းမသော ကျား/မ ဆိုတဲ့ခွဲခြားခြင်းမရှိပဲ ဒီကလေးမို့ချစ်တာ ဒီကလေးကမိန်းကလေးဆိုလည်း ကျွန်တော်ချစ်မှာ ယောကျာ်းလေးဖြစ်တယ်ဆိုတာလည်း ကျွန်တော်ချစ်နေမှာပါပဲ အဓိက,ကတော့ ကျွန်တော်ပျော်ဝင်ချင်တဲ့မျက်ဝန်းနက်လေးတွေရဲ့ပိုင်ရှင်ဟာ ထိုကလေးဖြစ်နေလို့ပါပဲ.....
YOU ARE READING
Romanceပထမဆုံး အရေးအသားမို့ ညံ့ဖျင်းနေမှာသိပေမယ့်ကြိုးစားပါ့မယ်ဗျ ဇာတ်လမ်းပုံစံ တူနေတာမျိုးရှိခဲ့သော် ကျနော့်ကိုလာပြောလို့ရပါတယ်ဗျ ကျနော့်ဘက်ကလိုအပ်ချက်များရှိခဲ့ရင်လည်းထောက်ပြပေးကြပါဦးခင်ဗျ💛