Part7

17 2 0
                                    

သာယာကုန်းရွာလေးက ရွာငယ်လေးတစ်ရွာမဟုတ်သည့်အတွက် လူဦးရေလည်းများသလို အိမ်ခြေ၇၀၀နီးပါးရှိတဲ့ရွာကြီးဆိုတော့ စာကြည့်တိုက်ဆောက်တဲ့နေရာမှာလည်း လူအတော်စည်ပါတယ် ကာလသားတော်တော်များများကတော့ ဓါးကိုယ်စီနဲ့ ခြုံနွယ်တွေကိုရှင်းနေကြပါတယ် စာကြည့်တိုက်လေးကို ရွာအဝင်က စာသင်ကျောင်းနဲ့ မနီးမဝေးက ဦးငွေတိုးရဲ့ခြံတစ်ကွက်မှာ ဆောက်ဖြစ်ခဲ့တယ် ရွာစွန်ဖျားလောကခြံဆိုတော့ အတော်လေးရှင်းရမှာမို့ လူများပါမှ တော်ရုံရှိမည် အစကတော့ ရွာစွန်းရောက်နေလို့ စာကြည့်တိုက်ကို ရွာလည်လောက်မှာဆောက်ချင်ပေမယ့် စာသင်ကျောင်းနဲ့နီးတာလည်း တစ်မျိုးကောင်းတာမို့ သျှားခန့်မောင်တစ်ယောက် သူ့ဖေကြီးရဲ့ ခြံဝိုင်းကိုပဲ အလှူခံလိုက်တဲ့သဘောပေ့ါ
ဖိုးထူးကတော့ ခြုံရှင်းဖို့အတွက်ရယ် တိုင်စိုက်ဖိကျင်းတူးရမှာတွေအတွက်ရယ်မို့ မနက်စောကြီးထဲကထွက်သွားလေရဲ့ ကျွန်တော့်မှာသာ ညကစာအုပ်တွေထပ်လာပို့တဲ့ ကားကနောက်ကျနေလို့မနက်စောမှ လာပို့ပေးပါမယ်ဆိုလို့ စောင့်ယူနေရတာနဲ့နောက်ကျနေတာ တဖြည်းဖြည်းနဲ့နီးကပ်လာတဲ့မြင်ကွင်းမှာတော့ လှုပ်လှုပ်ရှားရှား လူများစွာထဲမှ အဝါရောင်အရိပ်လေးက ကျွန်တော့်အာရုံထဲမှာထင်းကနဲပါပဲ အဝါနုရောင်သင်္ဘောသားအင်္ကျီလေးနှင့် ယောပုဆိုးအနက်ရောင်မှိန်မှိန်လေးက ဝါဝင်းနေတဲ့အသားရေလေးနဲ့ပနံသင့်စွာ ခြုံတွေရှင်းတဲ့နေရာမှသူမရှိပါပဲ ထွေးမြတို့နဲ့အတူ နှီးဖြာနေတာဟာ ဖိုးထူးရဲ့စနက်ထင်ပါရဲ့ မနက်ကပြောသွားတဲ့စကားနြ်ကြားယောင်မိတာ “အစ်ကိုလေးရဲ့အသည်းကျော်လေးကို ပင်ပန်းတာတွေမလုပ်စေရဘူးစိတ်ချ"
မနီးမဝေးအနေထားကနေ လှမ်းကြည့်နေတဲ့ကျွန်တော့်ကို ရွာလူကြီးကအရင်မြင်သွားပြီးမှ

“မောင်ခန့်မောင် ရောက်လာပြီလား  လာလာဦးကြီးတို့ကတော့ အသက်ကြီးလို့ ဘာမှမလုပ်နိုင်ပါဘူး ဒါကြောင့်နှီးပဲ ဖြာနေရတယ် မင်းအဖေကတော့ အငြိမ်မနေပေါင်ဗျာ ခြုံရှင်းတဲ့ကလေးတွေနားမှာ ညွန်ကြားနေလေရဲ့"

“ဟုတ်ကဲ့ ဖေကြီးကတအားတက်ကြွနေတာလေ
သူ့ခြံဝိုင်းမှာ စာကြည့်တိုက်ဆောင်စေချင်နေတာလည်း အခုတော့သူ့ဆန္ဒပြည့်တော့ အရမ်းကိုပီတိဖြစ်နေတာ"

မျက်ဝန်းမှသည်...နှလုံးသားဆီသို့...(မျက်ဝန်းမှသည်...နှလုံးသားဆီသို့ ...)Where stories live. Discover now