Part5

40 5 3
                                    

ထိုနေ့ညကကိစ္စတွေဖြစ်ပြီး နောက်ရက်ကစလို့ ထိုလူနဲ့လည်းမတွေဖြစ်ခဲ့ပါဘူး ပြန်စဉ်းစားကြည့်မှ ကျွန်တော်ပြောလိုက်တာလွန်များသွားသလား
ဘေးအိမ်က အဘွားကကလည်း ညကအိမ်ရှေ့မှာ
သီချင်းဆိုနေတာ အသံလေးကနားထောင်လို့ကောင်းလိုက်တာရင်အေးတို့ရဲ့ ခြံရှေ့အုတ်ခုံလေးကလည်းထိုင်ချင်စဖွယ်လေးဖြစ်နေတော့ လာဆိုကြတာထင်ရဲ့ဆိုပြီးပြောနေတော့ ကျွန်တော့်အထင်များလွဲသွားတာလား ထိုလူပြောတဲ့ မင်းအန်တီလေးကိုရည်ရွယ်တာမဟုတ်ပါဘူးဆိုတာကရော တကယ်ပဲ အုတ်ခုံလေးကထိုင်ချင်စရာကောင်းနေလို့လား အန်တီလေးကလည်း အကြောင်းရင်းမရှိပဲ ဘာလို့ရန်တွေ့ရတာလဲ
အထင်နဲ့ပဲ မဆုံးဖြတ်ပါနဲ့တဲ့ ကျွန်တော်ရန်တွေ့ရတာ ဘယ်သူ့ကြောင့်လည်း ဟိုလူကရောရွာလယ်ကနေ ရွာတောင်ပိုင်းထိ သီချင်းဆိုစရာနေရာကအတော်ရှားနေသလား ဒီလောက်အဝေးကြီးကို
မနက်ဖြန် သူတို့ရဲ့ ပဲခင်းပေါင်းရှင်းလိုက်ရမှာ
မဆုံချင်ဘူး ထိုလူကြီးနဲ့.....

↓↓↓↓↓

ဟိုကလေးရဲ့ အိမ်ရှေ့မှာသီချင်းဆိုပြီးတဲ့နောက်နေ့မနက်မှာပဲ ကျွန်တော်မြို့ကိုစာကြည့်တိုက်ကိစ္စအကြောင်းပြပြီး ထွက်လာမိတယ်
အမှန်ဆို စီစဉ်ထားတာ နောက်အပတ်မှ စာအုပ်တွေလာဝယ်ဖို့ပါပဲ ကျွန်တော်သူနဲ့ဆုံရမှာကို မျက်နှာပူမိလို​့ ကြံရာမရ အစောထွက်လာမိတယ် ဖေကြီးတို့ကိုတော့ စာကြည့်တိုက်အတွက် စာအုပ်ရွေးရင်း
အန်တီလေးတို့ဆီမှာ ကြာကြာလေးနေချင်လို့ဆိုတဲ့ အကြောင်းပြချက်ပေးပြီး ထွက်ခဲ့ရတာ
ဘာလို့ ကျွန်တော်အဲ့လောက် ညံ့ရတာလဲ
ယောကျာ်းလေးတစ်ယောက်ကို မိန်းကလေးလို့ထင်မိလောက်တဲ့အထိ တုံးအ,လွန်းသတဲ့ဗျာ

မနက် နေမပူခင်ရွာကထွက်လာခဲ့တော့ ၁၀နာရီဝန်းကျင်ဆို မြို့လေးကိုရောက်တယ် မြို့လေးကနေတဆင့် နောက်ထပ်၂နာရီလောက်ကားထပ်စီးပြီးမှ
အန်တီမေတို့ရှိတဲ့ မန္တလေးမြို့ကိုရောက်မှာ
ကျွန်တော်ငယ်ငယ်ထဲက အန်တီမေနဲ့ ကြီးကြီးတို့ညီမနှစ်ယောက်ဆီမှာနေပြီးကျောင်းတက်ခဲ့တာပါ
အန်တီမေရဲ့ အမျိုးသားဆုံးပြီးကတည်းကစပြီး
ကြီးကြီးက ကျွန်တော့်ကို အဲဒီအိမ်မှာအတူတူနေပြီးကျောင်းတက်ဖို့ပြောခဲ့တာ ကြီးကြီးကအပျိုကြီးလေ အစကတော့သူကတစ်အိမ်သက်သက်ခွဲနေတာ
အန်တီမေ့ရဲ့အမျိုးသားဆုံးပြီးနောက်ပိုင်းမှ
ကျွန်တော်ရယ် ကြီးကြီးရယ် အန်တီမေနဲ့သူ့သားလေးရယ် ၄ယောက်အတူတူနေဖြစ်ခဲ့ကြတာ
ကြီးကြီးတို့က ဖေကြီးရဲ့အစ်မကြီးနဲ့ ညီမငယ်လေ
ဖေကြီးတို့က မောင်နှမသုံးယောက်ရှိတာ ဖေကြီးကတော့ ရွာပျော်ကြီးပေါ့
ကျွန်တော် စောပြီးလာရတဲ့အကြောင်းက လူတစ်ယောက်နဲ့ လည်းတွေ့ချင်ပြီး သူ့ကိုရင်ဖွင့်အကြံတောင်းချင်လို့ပါပဲ မြို့လေးကနေ ၂နာရီကားစီးပြီးတဲ့နောက်မှာတော့ ရောက်ပါပြီ ကြီးကြီးတို့အိမ်ကို
ကျွန်တော်အိမ်ထဲဝင်တာနဲ့ စပြောတဲ့ကြီးကြီးရဲ့စကားကတော့

မျက်ဝန်းမှသည်...နှလုံးသားဆီသို့...(မျက်ဝန်းမှသည်...နှလုံးသားဆီသို့ ...)Where stories live. Discover now