Part10

19 1 0
                                    

နေအတော်ပူလာတဲ့အခါမှာတော့ ကျွန်တော်တို့ယာထဲကနေပြန်ခဲ့ကြတယ် ဘေးကကြောင်ချီးပေရုပ်နဲ့ လူကတော့ သူ့ကိုယ်သူဘယ်လိုဘယ်ပုံဖြစ်နေတယ်ဆိုတာ မသိလေတော့ ရွာတောင်ပိုင်းကျွန်တော့်အိမ်ထိလိုက်ပို့ပေးမယ်ဆိုပြီး အတင်းကပ်ပါလာပါလေရော်
တကယ်ပါပဲ ပေတူးလန်နေတဲ့လက်နဲ့ ချွေးထွက်နေတဲ့မျက်နှာ နဖူးသုတ်မိထားတဲ့အခါ ဘယ်လိုတောင်ကြောင်ချီးပေလေးဖြစ်နေမလဲ စဉ်းစားကြည့်ကြပေါ့ ဒီပုံစံနဲ့ ကျွန်တော့်အိမ်ထိလိုက်ပို့ပြီးမှ ရွာလယ်ကသူ့အိမ်ကိုပြန်မယ်တဲ့ သမက်တော်ချင်နေတဲ့သမီးရှင် ယောက္ခမလောင်းတွေမြင်နေရင်မှတ်မိပါ့မလား ပြောလို့တော့လည်းမရပါဘူး ကြောင်ချီးပေရုပ်ဖြစ်နေတာတောင်မှ ထိုလူ့ရဲ့ ချောမောခန့်ညားတဲ့ အသွင်ပြင်ဟာ မှေးမှိန်မသွားပါဘူး သမီးရှင်များဟာဆိုရင်ဖြင့် ဒီပုံစံမျိုးကိုမြင်လည်း အလုပ်ကြိုးစားတဲ့သမက်ကလေးဆိုပြီး အမိဖမ်းချင်ကြမှာပါပဲ....

“ကလေး အဲ...ချစ်မွှေးလေး ဒီညကိုယ်သီချင်းလာဆိုလို့ရမလားဟင်"

“မဆိုနဲ့လို့ပြောရင် စကားနားထောင်မှာမလို့လား"

“အဲလိုတော့မဟုတ်ဘူးလေ တခြားသူတွေပါခေါ်လာပြီးမှစုဆိုကြမှာလေ ချစ်မွှေးလေးမကြိုက်ဘူး မဆိုစေချင်ဘူးဆို ကိုယ်လာမဆိုပါဘူး"

“ခင်ဗျားက ကျုပ်အိမ်ထဲထိလာဆိုမှာမလို့လား"

“မဟုတ်ပါဘူး ချစ်မွှေးလေးရဲ့ ကိုယ်ကအိမ်ရှေ့နား အုတ်ခုံလေးမှာပဲ"

“အဲ့ အုတ်ခုံကကျုပ်ပိုင်တာမှ မဟုတ်တာလာချင်လာ မလာချင်နေ ဆိုချင်ဆိုမဆိုချင်နေ ကိုယ့်ပါးစပ်နဲ့ကိုယ်ပဲဟာ ကျုပ်မှာ တားဖို့ပြောဖို့ အခွင့်မှမရှိ"

ရာသီဥတုလေးက နေသာနေသလိုပါပဲ
လာဆိုလို့ရတဲ့သဘောပေ့ါဟုတ်တယ်မလား
ရှေ့ကနေ ခပ်သုတ်သုတ်သွားနေတဲ့ပုံစံလေးက တကယ်ကိုတွေ့စကပုံစံလေးပါပဲ
ချည်လုံချည် အကွက်လက်ရှည်ဖျင်ကြမ်းအင်္ကျီလေးနဲ့ ခမောက်ကြီးကြီးပေါ်မှာတဘတ်ထပ်ခြုံထားသေးတယ် မျက်နှာမှာလည်း သနပ်ခါးမှုန်မှုန်လေးပါပဲ အဲ့အချိန်ကဘယ်လိုမျက်လုံးနဲ့ကြည့်မိလို့ မိန်းကလေးလို့ အထင်မှားခဲ့မိသလဲမသိပေမယ့် ဒီကလေးချစ်ဖို့ကောင်းလွန်းတယ် တစ်ခုပဲမာနလေးလည်းကြီးလွန်းတယ်...

မျက်ဝန်းမှသည်...နှလုံးသားဆီသို့...(မျက်ဝန်းမှသည်...နှလုံးသားဆီသို့ ...)Where stories live. Discover now