Part11

23 1 0
                                    

ဝါဆိုလပြည့်နေ့

ဒီနေ့လေးကတော့ ဝါဆိုလပြည့်နေ့လေးပဲဖြစ်ပါတယ် ရွာဦးဘုန်းကြီးကျောင်းမှာတစ်ရွာလုံးစုပေ့င်းအလှူအဖြစ်ဝါဆိုသင်္ကန်းကပ်ကြမှာပဲဖြစ်ပါတယ် ကျွန်တော်တို့လူငယ်တွေကတော့ မနက်ခင်းပိုင်းမှာဝါဆိုပန်းခူးကြဦးမှာမို့ မနက်အစောကြီးကတည်းက တရုန်းရုန်းနဲ့ပါပဲ မမထွေးမြတို့အုပ်စုကလည်း တက်တက်ကြွကြွ ကိုယ့်အစ်မတွေမို့ပြောတာမဟုတ်ဘူး နည်းနည်းစပ်စလူးထတာလေးကလွဲရင် တကယ်လှပါတယ် အခုလည်းကြည့် ကျွန်တော်နဲ့အန်တီလေးချုပ်ပေးထားတဲ့ဝတ်စုံလေးတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်အလှပြိုင်လို့ ကျွန်တော့ကိုလည်း စတစ်လက်တိုအပြာနုလေးနဲ့ ယောပုဆိုးအပြာရင့်လေးကိုတွဲပြီးဝတ်ခိုင်းထားသေးရဲ့ ထုံးစံအတိုင်းအန်တီလေးလက်ရာ သနပ်ခါးပါးကွက်ကြားနဲ့ဆိုတော့ ကျွန်တော့မှာ ကလေးလိုလိုလူကြီးလိုလို ဟိုမရောက်ဒီမရောက်...

အိမ်ကထွက်လာတော့ မနက်၅ခွဲကျော် နေမပူခင်ပန်းတွေစုံအောင်ခူးပြီး ရွာဦးစေတီမှာလှူကြမယ် ပြီးမှရွာဦးဘုန်းကြီးကျောင်းမှာပဲ ဝါဆိုသင်္ကန်းကပ်နဲ့ အကျွေးမွေးမှာလည်းကူကြရဦးမည် တွေးကြည့်ရုံနဲ့ပျော်စရာပါ
ရွာနှင့်မဝေးလှတဲ့ တောထဲမှာ ပန်းကလေးတွေစုံအောင်ပွင့်တတ်တာမို့ ကျွန်တော်တို့အုပ်စုလည်း လူများများနဲ့ခူးကြမှာဖြစ်လို့ ရွာလယ်မှာလူစုကြတာပေါ့ အဝေးကနေလှမ်းမြင်နေရတဲ့ လူအုပ်စု ဒါကလည်း ကျွန်တော်တို့ကိုစောင့်နေကြတာထင်ပါတယ် တသ်ဖြည်းဖြည်းလူအုပ်နဲ့နီးလာတဲ့အခါ ကျွန်တော့မျက်လုံးထဲဝင်လာတဲ့ပုံရိပ်က ရှပ်အင်္ကျီလက်ရှည်အပြာရင့်နှင့် ယောပုဆိုးအနက်ကိုတွဲဝတ်ထားပြီး တည်ကြည်တဲ့ပုံရိပ်ကိုအမြဲတမ်းပိုင်ဆိုင်ထားနိုင်တဲ့ထိုလူ သူကလည်းပန်းခူးလိုက်မှာလား ကလေးတွေကိုလိုက်နှောက်ယှက်တာသူ သူ့အရွယ်ဆို ကျောင်းကနေပဲစောင့်သင့်တာမဟုတ်ဘူးလား အင်းလေသူ့အသက်ကပြောသလောက်မှမကြီးသေးတာ ဒါမယ့် လူကြီးပုံပေါက်နေတယ်လေနော် ထိုလူကိုမငြ်လိုက်ရတာနဲ့ ဘာကိုအလိုမကျလို့မကျမှန်းမသိ...

ဘေးနားကအကောက်ပေါက်က ဘာထဖောက်သလဲမသိ နှုတ်ခမ်းကဆူပုတ်နေတာဘဲနှုတ်သီးလို တကယ်ပါပဲ ဆူနေတဲ့နှုတ်ခမ်းက ဟိုးရှေ့ကရေချမ်းစဉ်ကိုလည်းထိုးမိသွားဦးမယ် တကတည်းမှပဲ

မျက်ဝန်းမှသည်...နှလုံးသားဆီသို့...(မျက်ဝန်းမှသည်...နှလုံးသားဆီသို့ ...)Where stories live. Discover now