Part4

49 5 1
                                    

ညနေပိုင်း ယာခင်ကအပြန် ရွာလယ်လောက်ရောက်တော့ ကျွန်တော်တို့နောက်ကို လူတစ်ယောက်လိုက်လာတာသတိထားမိပေမယ့် သွားမဲ့လမ်းကတူနေလို့ထင်ပါတယ်ဆိုပြီး အရေးမစိုက်ခဲ့ဘူး အမတွေပြောတာနားထောင်ရင်းပဲလိုက်လာခဲ့ပေမယ့် သူတိုစြကားဝိုင်းထဲတော့ ဝင်မပါမိပြန်ပါဘူး နားထောင်ရုံသက်သက်ပါပဲ  လမ်းခွဲရမယ့်နေရာရောက်တော့ ကျွန်တော်ကတစ်ယောက်ထဲ ခွဲထွက်ခဲ့တယ် အမတွေက သူတို့အုပ်စုလိုက်ပဲပြန်ကြတယ်လေ
အမတွေကိုနှုတ်ဆက်ပြီးလမ်းခွဲထွက်လာပြီးမှ နောက်ကလိုက်လာတဲ့သူကိုအမှတ်ရတယ် ဆက်လိုက်လာသေးလား အမတွေနောက်ကိုလိုက်သွားမယ်လို့ထင်ခဲ့ပေမယ့် ကျွန်တော့်နောက်ကနေလိုက်လာတာကို မျက်လုံးထောင့်ကနေမြင်မိလိုက်တယ်
သေချာအောင် ထပ်ပြီးစောင်းငဲ့ကြည့်မိတော့
ဟင် ဟိုလူ ဘယ့်နှယ့်ကြောင့်လိုက်လာရတာလဲ
မမထွေးမြတို့နောက်ကိုမလိုက်ပါပဲ ဘာလို့ကျွန်တော့်နောက်လဲ မဟုတ်မှ အန်တီလေးကိုလိုချင်လို့
ကျွန်တော့်ကိုချဉ်းကပ်တာလား မဖြစ်ဘူး အနားကပ်ခံလို့မဖြစ်ဘူး အိမ်မြန်မြန်ရောက်မှအေးမှာ
ခြေလှမ်းတွေကိုခပ်သွက်သွက်လျှောက်မိတော့
နောက်ကလူကလည်း ခြေလှမ်းတွေမြန်လာတာကိုသတိထားမိတယ် မပြေးရုံတမယ်ခြေလှမ်းကိုမြန်နိုင်သမျှ အမြန်လျှောက်လိုက်ပြီးရှေ့မှာမြင်နေရပြီဖြစ်တဲ့ကျွန်တော်တို့ရဲ့ အိမ်ဆီကို ပြေးဝင်လိုက်တော့တယ် ဟူးသေးတယ်တယ် ကျွန်တော့ကိုသူမမှီလို့......

ကျွန်တော့်ရှေ့က မုန့်ဖတ်ထုပ်လေးက သူနောက်ကိုလိုက်နေတာသတိထားမိသွားတယ်ထင်ပါရဲ့
လုံးလုံးလုံးလုံးနဲ့ ခပ်မြန်မြန်လှောက်နေတာဟာ အူယားစရာအတိပါပဲ မကြာပါဘူး သူတို့အိမ်ဖြစ်မှာပေ့ါ အတင်းပြေးဝင်သွားလိုက်တာမှ တန်းနေရော
ဘာပဲဖြစ်ဖြစ် အိမ်ကိုသိရပြီမို့နောက်နေ့များမှာလည်း လာကြည့်လို့ရပြီမို့ ကျွန်တော်နောက်ကြောင်းပြန်လှည့်ခဲ့လိုက်တယ် အိမ်နားရောက်ခါနီးမှာဖိုးထူးနဲ့တွေ့တော့

“ဟာ အစ်ကိုလေးရာဘယ်တွေသွားနေတာလဲဗျာ
ဒီနေ့ ထန်းတောခေါ်မလို့ပါဆိုဗျာ"

“ထန်းရည်သောက်မလို့လား ဖေကြီးသိရင် ပြဿနာတက်မယ်နော် ဟေ့ကောင်"

မျက်ဝန်းမှသည်...နှလုံးသားဆီသို့...(မျက်ဝန်းမှသည်...နှလုံးသားဆီသို့ ...)Where stories live. Discover now