အတန်သင့်ကျယ်ဝန်းသော ခြံဝန်းလေးထဲမှာ သရက်ပင် မာလကာပင် ခရေပင် စံပယ်ပင်နှင့် အခြားသောအရိပ်ရအပင်များကို စိုက်ပျိုးထားပြီး
ခြေတံတို အိမ်တစ်လုံးလည်းရှိပြီ အိမ်ကလည်းလေးပင်မို့ အတော်သင့်ကျယ်ပါသည် ထိုအိမ်လေးမှာတော့ တူရီးနှစ်ယောက်ပဲနေထိုင်တာမို့ အတော်လေးသပ်ရပ်ပြီး အရိပ်ကောင်းကောင်းလေးနှင့်အတော်လေူနေချင်စဖွယ်ကောင်းလှသည် အိမ်ပိုင်ရှင် ဒေါ်ရင်အေးဟာ လေးဆယ်ကျော်အရွယ်မို့ နုပျိုလှပနေဆဲပင် ရွာထဲကကလေးတွေကတော့ တူလေးခေါ်သလို အန်တီလေးလို့ခေါ်တတ်ပြီး တချို့ကတော့မကြီးရင်အေးဟုလည်းခေါ်တတ်ကြသေးသည်ကျမတူလေးက သိပ်ကိုလိမ္မာရေးခြားရှိတဲ့ကလေးလေးပါ ဒါပေမယ့်ကံမကောင်းရှာပဲ ၁နှစ်သားအရွယ်ထဲက မိဘမဲ့ခဲ့ရတယ် ကလေးကိုကျမနဲ့ထားခဲ့ပြီး စပါးသွားရောင်းတဲ့ မမနဲ့သူ့အမျိုးသားက
လမ်းမှာပဲ မတော်တဆဖြစ်ပြီးဆုံးသွားကြတယ်
အဲ့အချိန်မှာ ကလေးလေးနဲ့ကျမဘဝက အတော်ကို
အဆင်မပြေဖြစ်ခဲ့ရတာပေ့ါ ဒါပေမယ့်ဒီကလေးလေးကပဲ ကျမဘဝရဲ့အားအင်လေးဖြစ်သလို
ကျမဘဝရဲ့တစ်ခုထဲသောသံယောဇဉ်လေးပါပဲ
ကလေးရဲ့ အပြုံးလေးတွေ တီတီတာတာစကားသံလေးတွေကပဲ အမောပြေစရာလေးတွေဖြစ်ခဲ့ရတာ အခုတော့ တူလေးလည်း ၂၃နှစ်အရွယ်လေးရောက်လာခဲ့ပြီ ကလေးကို ပညာတတ်ကြီးဖြစ်အောင်မထားနိုင်ခဲ့ပေမယ့် ရွာမှာရှိတဲ့ အလယ်တန်းကျောင်းမှာတော့ အတန်းကုန်ထားပေးခဲ့ပါတယ်
အခုတော့ အိမ်အလုပ်တွေ ယာအလုပ်တွေမှာ သူလေးကို အတော်အားကိုးနေရပါပြီ မလုပ်နဲ့ပြောလည်းမရတော့ လွှတ်ပဲထားလိုက်တော့တယ်
အခုလည်း နေမပူခင်ခြံထဲကအပင်တွေဂေလောင်းနေလေရဲ့ အဝေးကလှမ်းမြင်နေရတဲ့ပုံရိပ်လေးက မြင်ရသူအဖို့ အေးချမ်းရာလေးပါပဲ မြင်သူတိုင်းမချစ်ပဲမနေနိုင်တဲ့ မောင်ချစ်မွှေးလေး နာမည်လေးနဲ့ သိပ်ကိုလိုက်ဖက်နေတာပါပဲ“သားရေ...ချစ်မွှေးလေး နေပူတော့မယ် နားတော့လေကွယ်"
“ဟုတ်ကဲ့"
ပြန်ဖြေပြီးလှည့်မလာသူလေးက စံပယ်ရုံနားတကုပ်ကုပ်နဲ့ ပန်းခူးနေတာထင်ရဲ့
YOU ARE READING
Romanceပထမဆုံး အရေးအသားမို့ ညံ့ဖျင်းနေမှာသိပေမယ့်ကြိုးစားပါ့မယ်ဗျ ဇာတ်လမ်းပုံစံ တူနေတာမျိုးရှိခဲ့သော် ကျနော့်ကိုလာပြောလို့ရပါတယ်ဗျ ကျနော့်ဘက်ကလိုအပ်ချက်များရှိခဲ့ရင်လည်းထောက်ပြပေးကြပါဦးခင်ဗျ💛