Part9

18 1 2
                                    

နေအတော်မြင့်နေတဲ့အထိ ပေါင်းပင်တွေကိုနုတ်နေရင်း ချစ်မွှေးတစ်ယောက်အတွေးများနေခဲ့တယ် ကိုဖိုးထူးတစ်ယောက်ဟာ ဒီနေ့ကျွန်တော့်ပဲခင်းပေါင်းနုတ်ကိုမလာတော့ဘူးလားမသိ ခုချိန်ထိရောက်မလာခဲ့ပါ အခါတိုင်းဆိုရင်ဖြင့် အလုပ်နဲ့ပက်သက်ရင်တက်ကြွနေတဲ့သူ ဝီရိယကောင်းတဲ့လူက ဒီနေ့မှ ဘာဖြစ်သလဲမသိ ကျွန်တော်တော့ တစ်ယောက်ထဲဘဲပေါင်းနုတ်ရတော့မယ်ထင်ပါတယ် အန်တီလေးကလိုက်ခဲ့မယ်ပြောတာကို မခေါ်ပဲတစ်ယောက်ထဲထွက်လာခဲ့တာ အခုတော့ပျင်းနေရတော့မယ်ထင်တယ် တစ်ယောက်ထဲမို့ ဟိုတွေးဒီတွေးပေါင်းပင်​တွေနုတ်နေရင်းက အနောက်ဘက်ဆီကနေ ခြေသံကြားတာမို့ ကိုဖိုးထူးတစ်ယောက်နေမြင့်မှလာတယ်ထင်ပြီးလှည့်အကြည့်မှာ မြင်လိုက်ရတဲ့လူကြောင့်
ဒေါသထွက်ရမလို ရယ်ရမလိုတွေဖြစ်ကုန်ရတယ်
ပုဆိုးရှည်ရှည်ဝတ်ထားပြီး လက်ရှည်အင်္ကျီကြီးကိုရင်စေ့နေအောင်ကြယ်သီးတွေအစုံတတ်ထားပြီးဝတ်လို့ မျက်နှာပေါ်မှာလည်း သနပ်ခါးအဖွေးသားနဲ့ ထိုလူဟာ ခေါင်းပေါ်မှာလည်းခမောက်ကြီးဆောင်းထားသေးတာ နေပူမိမှာတအားကြောက်နေတဲ့ပုံ
ဒီလိုဆိုလည်း ဘာလာလုပ်သလဲ သာလိကာအုပ်စုနဲ့
တစ်ရက်လေးဝေးနေလို့နားအေးမယ်မှတ်တာ ကြက်တူရွေးနဲ့ တနေကုန်ရဦးမှာလား......
သူ့ပုံစံကိုကြည့်ပြီး ရယ်ချင်တဲ့စိတ်ကိုခဏထား
မျက်နှာကိုတည်တင်းလိုက်ပြီးမှ

“ဘာလာလုပ်တာလဲ"

“ပေါင်းလာနုတ်တာလေ ကလေးရဲ့"

“ကိုဖိုးထူး လာမယ်ပြောထားတာ သူမလာပဲဘာလို့ ခင်ဗျားကလာတာလဲ လုပ်တတ်မှာကြလို့ "

“ဖိုးထူးက ဒီမနက်မှ ဝမ်းလျှောနေလို့လေ အဲ့တာကြောင့်ကိုယ့်ကို သူ့အစားသွားပေးပါဆိုလို့ ကလေးတစ်ယောက်ထဲဆိုပျင်းနေမလားလို့လေ ပြီးတော့မလုပ်တတ်ရင် ကလေးကသင်ပေးပေါ့"

“ကိုဖိုးထူးကဝမ်းလျှောတယ် ယုံချင်စရာဆင်ခြေတွေ"

“တကယ်ပြောတာ သူတကယ်ဝမ်းလျှောနေတာပါဆို လမ်းတောင်မလျှောက်နိုင်ပါဘူးကွာ"

“ဒီလိုဆိုရင်တော့ ခင်ဗျားတိုက်ထားတဲ့ဝမ်းနုတ်ဆေးများသွားလို့ ရှိမှာပေါ့"

မျက်ဝန်းမှသည်...နှလုံးသားဆီသို့...(မျက်ဝန်းမှသည်...နှလုံးသားဆီသို့ ...)Where stories live. Discover now