တကယ်တော့ အချစ်ဆိုတဲ့အရာက မဖိတ်ခေါ်ပဲရောက်လာတတ်သလိုတားဆီးထားရင်ဇွတ်တိုးဝင်တတ်တဲ့အမျိုးလား
ကျွန်တော်လူမှန်းသိတတ်စအရွယ်ကတည်းက ရွာထဲမှအဒေါ်ကြီးတွေပြောတာကြားဖူးတယ် ချစ်မွှေးကဖြူဖြူနွဲ့နွဲ့နဲ့ အခြောက်ကလေးလိုပဲ ကြီးလာရင်ခြောက်သွားမှာ
အဒေါ်နဲ့အတူနေရတာပဲ ခြောက်သွားလည်းဘာဆန်းမှာလဲ သူ့အဒေါ်ကလည်း မိန်းကလေးအတတ်တွေပဲသင်ပေးနေတာကို
လူပုံစံလေးကလည်းနွဲ့တဲ့တဲ့ရယ် ဆိုတဲ့စကားတွေကို အန်တီလေးကွယ်ရာမှာပြောတတ်ကြပါတယ် ကျွန်တော့်ရဲ့အန်တီလေးကတော့ ဘယ်ပညာမဆိုတတ်ထားရင်မမှားဘူးဆိုပြီး သူတတ်သမျှကျွန်တော်ကိုပြန်သင်ပေးတယ်
ဒါကြောင့်မို့ အင်္ကျီချုပ်တာကအစ ချည်ထိုးတာတွေအထိ ကျွန်တော်လုပ်တတ်ခဲ့တယ်။ ရွာထဲကပြောသမျှစကားတွေအန်တီလေးပြန်ကြားတဲ့အခါတွေမှာဆိုရင်တော့
အချိန်တန်လို့ ချစ်မွှေးလေးအိမ်ထောင်ကျရင်
သူတို့ပြောတာတွေမှားတဲ့အကြောင်းကို သူတို့သိသွားလိမ့်မယ်တဲ့ အန်တီလေးထင်ခဲ့တာက အရွယ်ရောက်ရင် ကျွန်တော်ကရွာထဲမှာရှိတဲ့အပျိုလေးတစ်ယောက်ယောက်နဲ့ အိမ်ထောင်ကြမှာဆိုပြီးတော့ပေါ့လေ ဒါပေမယ့်အန်တီလေးမသိတာက ဘယ်အပျိုချောလေးကမှ ကျွန်တော်နဲ့မခင်ချင်ကြဘူး၊ တစ်ချို့ဆို ကျွန်တော့်ကိုမုန်းတဲ့သူတွေတောင်ရှိခဲ့တာ
ကျွန်တော်ကမေမေနဲ့တူတာတဲ့ ဒါကြောင့်ပဲမိန်းကလေးတစ်ယောက်လိုမျိုးလှနေတာပေါ့
မျက်ဝန်းနက်လေးတွေကလည်းမေ့မေ့ဆီကအမွေ၊ဖြူဝင်းတဲ့အသားရည်နဲ့၊နှာခေါင်းလုံးလုံးလေးတွေကလည်း မေ့မေ့ဆီကရတဲ့အမွေတွေပေ့ါ အနေအေးတာ စကားပြောနည်းတာတွေကတော့ အန်တီလေးဆီကအမွေတွေပါပဲ
မဟုတ်မခံစိတ်လေးနဲ့ ဆတ်ဆတ်ထိမခံတတ်တာကတော့ ကျွန်တော့်အဖေ့ဆီကရထားတဲ့အကျင့်လေးတဲ့ ကျွန်တော် အန်တီလေးကိုသိပ်ချစ်ပါတယ် ဒါကြောင့်လည်း အန်တီလေးမျက်နှာပျက်စရာကိစ္စတွေဆို မလုပ်မိအောင်နေတယ် အရွယ်ရောက်တဲ့အချိန်ကနေအခုထိ ဘယ်မိန်းကလေးကိုမှရင်မခုန်ခဲ့မိတာက
ဘယ်သူနဲ့မှအရောတဝင်မနေတဲ့ ကျွန်တော့်ကြောင့်ပဲလား ရွာထဲကအပျိုလေးတွေကပဲ ကျွန်တော့်ကို ယောက်ျားလေးလို့မမြင်ကြတာလား မပြောတတ်တော့ပါဘူး ဒါကြာင့်လည်းကျွန်တော်ဟာ တစ်သက်လုံးအန်တီလေးနဲ့ပဲအတူတူနေမှာမို့ အိမ်ထောင်မပြုဘူးလို့ ကျွေးကျော်ထားသမျှ အခုတော့တစ်စုံတစ်ယောက်ကြောင့် ကျွန်တော့်စိတ်တွေ ဗျာများနေရပြီ နှလုံးခုန်သံတွေမမှန်တော့သလို အိပ်မရတဲ့ညတွေပါများလာခဲ့ပြီ ဒါပေမယ့်မဖြစ့်ရဘူးလို့ကျွန်တော်အမြဲကိုယ့်ကိုကိုယ်သတိချပ်နေရတယ် ဒီအဖြစ်ကြီးက ကျွန်တော်အကြောက်ဆုံး ဒီခံစားချက်ကြီးတွေဖြစ်လာမှာကို သေမတတ်ကြောက်ခဲ့ဖူးတယ် ကျွန်တော့်ကြောင့်အန်တီလေးကိုလူတွေဝိုင်းပြောကြမှာကိုမလိုလားဘူး ဒါတွေအားလုံး ခင်ဗျားကြောင့် ဟုတ်တယ် ဒီလိုတွေဖြစ်နေရတာ အားလုံးကခင်ဗျားကြောင့်ပဲ ခင်ဗျားသာ ကိုယ့်တော့်ကို မချစ်ခဲ့ရင် ခင်ဗျားသာ ယောက်ျားလေးတစ်ယောက်ဖြစ်တဲ့ကျွန်တော့်ကို ရင်မခုန်ခဲ့ရင်
ကျွန်တော်လည်း...ကျွန်တော်လည်း...
ခင်ဗျားကိုမုန်းချင်လိုက်တာဗျာ.....
YOU ARE READING
Romanceပထမဆုံး အရေးအသားမို့ ညံ့ဖျင်းနေမှာသိပေမယ့်ကြိုးစားပါ့မယ်ဗျ ဇာတ်လမ်းပုံစံ တူနေတာမျိုးရှိခဲ့သော် ကျနော့်ကိုလာပြောလို့ရပါတယ်ဗျ ကျနော့်ဘက်ကလိုအပ်ချက်များရှိခဲ့ရင်လည်းထောက်ပြပေးကြပါဦးခင်ဗျ💛