Part - 8 (Z+U)

10K 1.4K 61
                                    

🍼 ငါ့ကို တောအုပ်မှာလာတွေ့ပါ ( Uni )

ဟယ်ကျောင်းအတန်းထဲဝင်လာပြီး မကြာခင်မှာဘဲ ခေါင်းလောင်းမြည်လာခဲ့တယ်။

တံခါးကနေ ဖြတ်လျှောက်လာရင်း သူမက ချိယွီရှိတဲ့ခုံနေရာဆီ ဦးတည်ပြီးကြည့်လိုက်တယ်။ချိယွီက သူမကိုဂရုစိုက်မနေတာ တွေ့ရတာကြောင့် သူမရဲ့ဒေါသကြောင့်ပွက်ပွက်ဆူနေတဲ့အကြည့်တွေဟာ ပစ်မှတ်မရှိသဖြင့် ရွေးခြယ်စရာမရှိတော့ဘဲ သူမရဲ့ဒေါသတွေကိုသာထိန်းကာ သူမရဲ့ခုံဆီကိုပြန်လာရတော့တယ်။

သူမခုံမှာ ထိုင်,ထိုင်ချင်းဘဲ သူမရဲ့အတန်းဖော်က ဟယ်ကျောင်းအား တံတောင်ဖြင့်တွတ်ကာ အသံခပ်တိုးတိုးဖြင့် မေးလာခဲ့တယ်။

"ဟေး,ကျောင်းကျောင်း၊ နင်နဲ့နင့်အကိုက ဘယ်လိုဖြစ်ရတာလဲ?"

ဟယ်ကျောင်းက ဒေါသထွက်နေတဲ့လေသံဖြင့် ပြန်ပြောလိုက်တယ်။"နင်နဲ့ဘာဆိုင်လို့လဲ?"

အတန်းဖော်ကလည်း မထင်မှတ်ဘဲအရှက်ရသွားခဲ့တယ်။
" ဒါဆိုလဲ ထားလိုက်ပါတော့"

ဟယ်ကျောင်းက သူမရဲ့နှုတ်ခမ်းကို စုတ်သပ်လိုက်တယ်၊ အရမ်းစိတ်ပျက်စရာကောင်းတာဘဲ။

ချိယွီကသူမကို ကြံနေပါတယ်လို့ သူမအကိုကိုပြောခဲ့ပေမယ့် သူမရဲ့အကိုကမယုံမယ်မှန်း မထင်ထားခဲ့ဘူး။omega နှစ်ယောက် ချစ်ကြိုက်သွားရင်တောင် သူတို့ကဘယ်တော့မှအတူမရှိနိုင်ဘူး။Omegaနှစ်ယောက်လုံးက estrusကာလကို ဖြတ်ကျော်ရမှာဖြစ်တာကြောင့် အလိုလိုဘဲ တစ်ခြားAlpha ဒါမှမဟုတ် Betaကို ပျော်ရွှင်မှုအတွက် ရှာ‌ဖွေမိကြလိမ့်မယ်။Omegaတွေကြားထဲကလို romaticဆန်တဲ့ ဆက်ဆံရေးကလည်း အလွယ်တကူဘဲ ပျက်စီးသွားလိမ့်မယ်။

နောက်တစ်ခုက၊ ချိယွီက သူမအကိုရဲ့ အမှတ်အသားကို မဖျက်ရသေးဘူး။ဒီလို အခြေအနေတွေအောက်မှာ သူက တစ်ခြားဘယ်သူနဲ့မှချစ်မိမှာမဟုတ်ဘူး။ပြီးတော့ အဲ့ဒါကြောင့် သူမအကိုကပြောတယ်၊ချိယွီက လိမ်ညာနေတာတဲ့လေ။

ဒါတင်မဟုတ်သေးဘူး ၊ သူမရဲ့ အကိုကြီးက သူမကိုစိတ်လျှော့ဖို့တောင် တိုက်တွန်းနေပြီး ချိယွီကို အပစ်ထပ်မရှာဖို့ သူမကိုပြောလာသေးတယ်။ပြီးတော့ သူနဲ့ဝေးဝေးနေဖို့သာပြောတယ်။

『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ』COMPLETE in paid gpWhere stories live. Discover now