Cruel Summer

376 40 4
                                        

"bae ဒါနဲ့ ကိုယ်မနက်ဖြန် လူတစ်ယောက်နဲ့တွေ့စရာတစ်ခုရှိတာ အဲ့ဒါ နေ့လည်ချိန်းထားတာရယ် bae ကိုပြောထားသေးတယ်နော်၊ မေ့နေမှာစိုးလို့ ၊ကိုယ်က မနက်ပိုင်းတွေ့မယ် ပြောတာကို သူက အဆင်မပြေဘူးဆိုလို့၊ ပြီးကျ bae ကလဲ ဆေးရုံကို လိုက်ပို့စရာ မလိုဘူး ဆိုတော့ သူအဆင်ပြေမယ့်အချိန် ချိန်းလိုက်တာ"

ညဖက် ဖုန်းပြောနေတဲ့အချိန် bae ကို ထပ်အသိပေးဖြစ်တာရယ်။ bae က အခုရက်ပိုင်း ဘာဖြစ်တယ် မသိ။ ဆေးရုံလဲ မပို့ခိုင်း ၊ မေးတော့လဲ သူ intern ဆင်းတာ ပြီးတာမှာမို့ duty ဘယ်အချိန်ပြီးမယ် ဘာညာအတိကျမသိဘဲ ဆေးရုံမှာဘဲ အိပ်ဖြစ်တဲ့ ရက်တွေလဲရှိလို့ပါတဲ့။ ကလေးငယ်ဟာ အခုတလော လျို့ဝှက်ချက်တွေ များလာသလိုဘဲ။

ကိုယ့်မှာ အမှုတွေထပ်တိုးလာမှာစိုးလို့ စကားကို အလိုက်သင့်လေး လိုက်ပြောနေရတယ်။ ကလေးတွေက လျော့ရခက်လို့။

"အင်းသွားလေ မနက်ဖြန် dept က farewell လုပ်ပေးမှာ interns တွေကို dinner သဘောမျိုး ပေါ့။ အဲ့ကိုသွားရမှာ bae က ဆေးရုံက အပြန်"

"Farewell party ပေါ့ မိုက်လိုက်ချည်လား၊ ကိုယ်လဲ bae ကို congratulations လုပ်ပါတယ်နော်၊ ပင်ပန်းသွားရှာပြီ ကိုယ့်ကလေးငယ်"

"အစ်မ နာအွန်းတောင် အချစ်ကို ခေါ်လာဖို့ ပြောနေသေးတယ်"

"ဟုတ်လား ဖိတ်ပေးလို့ ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါအုံး ကိုယ့်အစား၊ ကလေးငယ်ကတောင် မခေါ်တာကို သူကခေါ်တယ်ဆိုတော့"

"လာရဲလို့လား အမျိုးသမီးက?"

"လာရဲလို့လား ဆိုတာက ဘယ်လိုအမေးကြီးတုန်း၊
ဘာလို့မလာရဲရမှာလဲ ကိုယ်က၊ ဒီအတိုင်း သူများအလုပ်ကလူတွေ စုပြီးစားကြတဲ့ dinner ကိုမလာချင်တဲ့ စိတ်ဘဲရှိတယ်၊ မလာရဲတာ ဘာညာမရှိပါဘူး၊ bae က ဘာလို့အဲ့လိုမေးတာ?? bae စိတ်ထဲရှိတာ ပွင့်ပွင့်လင်းလင်း ပြောလို့ မေးလို့ ရတယ်နော်၊ ကိုယ်က ဖြေပေးဖို့အဆင့်သင့်ဘဲ။ တကယ်တော့ မေးစရာရော ဖြေစရာရော မလိုတဲ့ ကိစ္စပါ ဒါက"

တွေ့လား? အမျိုးသမီးက အဲ့လို၊ တစ်ခါတစ်ခါ ကိုယ်ရဲ့ insecure points တွေကို မြင်အောင် မကြည့်ပေးပါဘူး။ အခုတလောတော့ တစ်ခါတစ်ခါကနေ ထပ်ခါထပ်ခါ ဖြစ်နေတာပေါ့။ ဥပမာ ကိုယ်က သူနဲ့ professor Haru နဲ့ ဆုံဖြစ်သွားတာမျိုး အတူတူဖြစ်သွားတာမျိုး မမြင်ချင်လို့ ဆေးရုံကို လိုက်မပို့ခိုင်းတာကို ဘာလို့ မပို့ခိုင်းရတာလဲ ဆိုပြီး မေးခွန်းတွေ ခဏခဏ မေးတဲ့အချိန်တွေပေါ့။

Lost in translationWo Geschichten leben. Entdecke jetzt