"ဒါနဲ့ ငါဘယ်လိုမှ သိချင်စိတ်ကို ထိန်းမထားနိူင်တော့လို့ မေးပါအုံးမယ်၊ မင်းကဟိုနေ့က ဘာလို့မလာတာတုန်း"
ဆေးရုံမှာ Haru တို့လေးယောက်လုံး ဆုံပြီး နေ့လည်စာစားနေတဲ့အချိန် အွန်ဝူးက ထမေးတာပါ။
"သူ ခွဲခန်းဝင်စရာရှိလို့လို့ ပြောသားဘဲ"
"မင်းအသာနေစမ်းပါ Juhwan ရာ, ငါ Haru ကိုမေးနေတာ"
"တကယ် ငါအဲ့နေ့က ခွဲခန်းဝင်စရာ ပေါ်လာတာ၊ ဒါပေမယ့် ကံကောင်းသွားတယ်ပြောရမှာပေါ့ မသွားဖို့အကြောင်းပြချက်ရသွားတာ"
"မသွားချင်ရတဲ့ အကြောင်းရင်းကိုရော ငါတို့ ၂ ယောက်ကို ပြောပြဖို့ အစီစဉ်ရှိလား၊ Juhwan အပြင်ပေါ့"
"ငါ သူ့ကိုလဲ ဘာမှမပြောပြဖူးပါဘူး၊ ပြောဖြစ်မှတော့ မင်းတို့ပါ နားထောင်ရမှာပေါ့"
ငါက မင်းမျက်နှာကိုဘဲ ကြည့်ရင်း နေလာတဲ့ကောင်ဆိုတော့ သိနေတာပေါ့ Haru ရာလို့ Juhwan မပြောဖြစ်လိုက်ပါဘူး။
"မင်းက ငါ့တို့ကို မပြောပြတော့ ဘယ်သူ့ကို ပြောပြချင်လို့တုန်း??"
ဟန်ဝူထက်က စကားတွေ အန်ထွက်လာဖို့ လမ်းဖွင့်ပေးနေပုံဘဲ။ အင်း....အခုတလော ခံစားနေရတာတွေကို ဒီကောင်တွေကို ပြောလိုက်ရင်တော့ နည်းနည်းသက်သာသွားမလား???။ ဒဏ်ရာတွေက နားထောင်ပေးချင်စိတ်ရှိတဲ့ လူတစ်ယောက်ကို ပြောပေးလိုက်ရင် လေထဲနည်းနည်းပျော်ဝင်သွားတဲ့ အတွက်ကြောင့် ရင်ဘတ်ထဲက နည်းနည်းပျောက်သွားတယ်တဲ့။
အဲ့စကားက ဟုတ်များဟုတ်လေမလား။ ဘာလို့ဆို
အွန်းဝူးလဲ Jennie Kim ဆီက အငြင်းခံရစဉ်က ကိုယ့်ရှေ့မှာဘဲ သေအောင်ပြဲကွဲအောင် ငိုခဲ့တာလေ၊ အခုတော့ သူမဟုတ်တဲ့ အတိုင်း နေနိူင်နေပြီရယ်။"တကယ်က Lisa ကိုမျက်နှာပူလို့"
"ဘာလို့??? ပူချင်းပူ Lisa ကပူရမှာလေ။ professor ရဲ့ သူငယ်ချင်းနဲ့ ရည်းစားဖြစ်နေလို့လေ"
ဟန်ဝူထက်က အားမလိုအားမရထပ်ပြေပါတယ်။
"မင်းတို့မသိတဲ့ အကြောင်းရာတွေ ရှိသေးလို့ပေါ့ကွာ၊ နောက်မှဘဲ ပြောတော့မယ်"
"ငါတွေးမိတာ တစ်ခုဘဲ ရှိတယ်၊ မင်းက Jennie Kim ကိုကြိုက်နေကြောင်း ငါတို့ကိုလဲ မဟုတ် ၊ Jennie ကိုလဲ မဟုတ်ဘဲ Lalisa ကိုပြောမိထားတာလား??"
အွန်ဝူးရဲ့ စကားမှာ အကုန်လုံး မျက်လုံး ပြူးသွားပြီး Haru ဖက်ကို မျက်လုံးတွေ ရောက်လာကြပြီး ဘာပြန်ဖြေမလဲစောင့်နေကြပါတယ်။
"နည်းနည်းဆင်တယ်၊ နာမည်ကို ထုတ်ပြီးတော့ ပြောတာမဟုတ်ဘူးပေါ့။ ဒါနဲ့ ငါမေးပါအုံးမယ် ငါ Jennie Kim ကို ကြိုက်တာ မင်းတို့ကိုရော Jennie ကိုရော တစ်ခါမှ ထုတ်မပြောဘူးပါဘူး၊ အရမ်းသိသာနေလို့လား ငါက??"
ကိုယ်ဒီလိုကြီးဖြေလိမ့်မယ်လို့ သူတို့က မမျော်လင့်ထားတဲ့ ပုံဘဲ။ ရွေးချယ်စရာမရှိဘူးလေ ကိုယ်လဲ၊ ကိုယ်ခံစားချက်တွေကို ကိုယ်တစ်ယောက်တည်း ထမ်းမထားနိူင်တော့တဲ့ အခြေနေမို့။
"အေး အရမ်းပေါ့။ ဒါနဲ့ တကယ်ဆို ဒီစကားဝိုင်းက soju လေးနဲ့ ဖြစ်ရမှာကို အခုတော့ နွားနို့သောက်ရင်း ပြောနေရတယ်။"
အွန်းဝူးက awkward ဖြစ်သွားတဲ့ ဒီစကားဝိုင်းကို အဲ့လိုပြောပြီး ပြန်အဖတ်ဆယ်ပါတယ်။ Juhwan ကိုတော့ မကယ်တင်နိူင်လိုက်ပါဘူး။ ဘာလို့ဆို အွန်ဝူး စကားကြောင့် ဟန်ဝူထက်ရော၊ Haru ရော ပြုံးမိကြပေမယ့် သူက ကျောက်ရုပ်လိုဖြစ်နေတာလေ၊ အသက်မသေချင်လို့ အတင်းကြီး ကျောက်ရုပ် လို့အော်ပြီး ပြေးလွှားနေရာကနေ ရပ်လိုက်တဲ့ ကျောက်ရုပ်လိုပေါ့။
"အဲ့တော့ အခုက Lisa နဲ့က dept မှာတွေ့ဖြစ်တာဘဲ မဟုတ်ဘူးလား၊ သူကရော ဘာပြောတုန်း"
"သူလဲ အဲ့ကိစ္စ ဘာမှ မပြော၊ ငါလဲ အစမဖော်ဖြစ်၊ ငါတစ်ခြား စာတမ်းဖတ်တဲ့ ကလေးတွေကို ကူနေတာနဲ မအားလို့ သေချာမတွေ့ဖြစ်လို့လဲ ပါပါတယ်၊ တောင်းတော့တောင်းပန်ရမှာပေါ့၊ တော်ပြီး အွန်ဝူးရယ် တစ်ခြားသိချင်တာတွေ ရှိရင် နောက်နေ့မှ မေးတော့၊ အခုငါသွားရတော့မယ်"
လို့ပြောပြီး စကားဝိုင်းကထွက်လာလိုက်ပါတယ်။ Juhwan ကို အားနာလို့လဲ ပါပါတယ်။ သူအခုမှ တစ်ခုခုကို ရိပ်မိသလိုဖြစ်သွားလို့ပါ။
3.2.22
This part is a little bit short, cause I'm 🤒.
Take care yourself guys❤️

ESTÁS LEYENDO
Lost in translation
Historia CortaMay be the thing was a masterpiece till you tore it all up