Our Story

431 50 2
                                        

5 days later,

မနေ့ကညက ခရီးကပြန်ရောက်ရောက်ချင်း ဆေးရုံသွားပြီးသူ့ကိုတွေ့လိုက်ရင်ကောင်းမလား စဉ်းစားမိပေမယ့် Juhwan ကိုမေးကြည့်လိုက်တော့ လိပ်ပြာလေးက မနက်ပိုင်း duty ဆိုလို့ ဒီနေ့အစောကြီး ထပြီးလာတွေ့ရတာ။ Juhwan ကဘယ်လိုသိသွားလဲဆိုတော့ ဆေးရုံအဝင်ဝမှာ ပြန်တွေ့တဲ့နေ့က လိပ်ပြာလေးရဲ့ နာမည်ကို သေချာမှတ်လို့ရလိုက်ပြီး အဲ့နာမည်ကိုပြောပြပြီး စုံစမ်းခိုင်းလိုက်တာရယ်။ ကလေးအထူးကု dept မှာလုပ်နေတာရယ်၊Haru နဲ့ dept အတူတူဆိုတာရယ်၊ ဒီနေ့ morning duty ရယ်ဘဲ သူ့က စုံစမ်းပေးတာပါတကယ်တော့။ ကိုယ်ကလဲ အဲ့လောက်ဆိုရပြီလို့ ကျန်တာကိုယ့်ဘာသာကိုယ်ဘဲ မီးစင်ကြည့်ကတော့မယ် ဆုံးဖြတ်ထားတယ်ရယ်။

ဟော ကိုယ့်ရဲ့ လိပ်ပြာငယ်လေး ကားပေါ်ကဆင်းလာပါပြီ။ မနက်ခင်းပွင့်တဲ့ ပန်းလေးထက်ကို ပိုမွှေးမယ့် သူ့ပါးနှစ်ဖက်ကတော့ အအေးဒဏ်ကြောင့်ထင်တယ် နည်းနည်းတော့ အနီရောင်သန်းနေတယ်ရယ်။ ဒုတိယ တစ်ခေါက်တွေ့တုန်းက ကိုယ့်ကို လူမှားပြီးတော့ မိတ်ဆက်သွားတာလားဆိုတော့ ဒီနေ့မှ အတည်ပြုရမှာရယ်။

ကိုယ့်ကိုတွေ့တော့ အငိုမျက်လုံးတွေဖြစ်ပြောင်းသွားတဲ့ သူ့မျက်လုံးရဲ့ အဓိပ္ပာယ်တွေကို ကိုယ်နားမလည်ဘူးရယ်။ အခုချိန် ကိုယ်တို့နှစ်ယောက်ခံစားရတဲ့ ခံစားချက်မျိုးက ဒါနောက်ဆုံးဖြစ်ပါစေ bae ရယ်။ ကိုယ့်ကိုတွေ့လို့ bae ငိုချင်သွားတာရယ် bae ငိုချင်ရတာ ဘာကြောင့်လဲလို့ ကိုယ်နားမလည်နိူင်တာရယ်ပေါ့။

"၅ ရက်လုံး စက်ပိတ်ထားတဲ့ ဖုန်းကိုခေါ်နေရတာ အရူးလိုဘဲ" bae က ငိုသံနည်းနည်းစွတ်ပြီး ပြောလာတဲ့စကား။

လွန်ခဲ့တဲ့ ၅ ရက်လုံး foreign ရောက်နေခဲ့တာက ဘဝမှာအကြီးမားဆုံးလုပ်မိတဲ့ ပြစ်မှုဖြစ်ကြောင်း bae ငိုသံက သက်သေပြုနေတယ်။

"ကိုယ်အဲ့နေ့တွေ့ပြီး နောက်နေ့ကျတော့ ခရီးသွားတာရယ် အဲ့ဒါကြောင့် ခေါ်လို့မရတာ ကိုယ်ဆက်သွယ်ဖို့ကျတော့ ba...... အဲ့ ဒီက ဖုန်း no contacts ဘာမှမရထားလိုက်တော့."

"လီဆာလို့ ခေါ်လို့ရပါတယ်"

bae လို့ဘဲ ခေါ်ချင်တာကိုယ်က လို့တော့ မပြောဖြစ်လိုက်ဘူး။

Lost in translationDove le storie prendono vita. Scoprilo ora