Versace On The floor

353 41 0
                                    

လီဆာ မျက်လုံးဖွင့်ကြည့်လိုက်တော့ အရေးပေါ်အခန်းထဲက လူနာကုတင်ပေါ်ရောက်နေတာရယ်။

"အာ ငါသတိလစ်သွားတာဘဲ ရှက်လိုက်တာ" လို့ တစ်ယောက်တည်းရေရွတ်ပြီး အိမ်ကိုသတိရလို့ ဖုန်းခေါ်မယ်အလုပ် အာဒီနေ့ အဖေနဲ့ အမေ သူတို့ anniversary day ခရီးသွားကြမှာဘဲ။ အမျိုးသမီးကိုလဲ စိတ်ပူမှာဆိုးလို့ ခေါ်မနေတော့ဘူး။သူခေါ်တော့မှဘဲ ပြောလိုက်တော့မယ်လို့တွေးထားလိုက်တယ်။

ဆေးအရှိန်နဲ့ ၆ နာရီလောက်ပြန်အိပ်ပျော်သွားပြီးမှ အခန်းတံခါးဖွင့်သံကြောင့် ပြန်နိုးလားတော့
အစ််မ နာအွန်းက အခန်းထဲဝင်လာတာတွေ့တာ။

"ဟီး"

"အခုမှ မျက်နှာချိုသွေးမနေနဲ့ အစကတည်းက ခွဲစိတ်တာခဏဘဲကြည့်ပြီး ပြန်ထွက်သွားပါဆိုတာကို ပေတေပြီး ခွဲခန်းထဲ နေနေပြီးတော့"

"Professor Haru ကဘာပြောသေးလဲ အစ်မ"

"ဘာမှ မပြောပါဘူး၊ ဒီလိုခွဲစိတ်မှုမျိုးက အခန်းအပူအချိန်ကို အမြင့်ဆုံးထားပြီး ခွဲရတာဆိုတော့ သူချွဲထွက်တာ များပြီးဖြစ်သွားတာနေမယ်တဲ့။ နောက်ပိုင်းကျရင် ကျင့်သားရသွားလိမ့်မယ်တဲ့"

"ဟုတ်တယ် ညီမလဲ ဒီလောက်ဖြစ်သွားမယ် မထင်လို့ရေ။ ပြီးကျ အခုရက်ပိုင်း night duty တွေချည်းဆိုတော့ အိပ်ရေးပျက်တာနဲ့ pressure တွေကျနေတာနဲ့ တိုက်ဆိုင်သွားတော့ပိုဆိုး"

"အင်းလေ night duty ချည်းဘာလို့တောင်းထားတာ?"

"ဟီး Jennie Unnie က New York ရောက်နေတာနဲ့ သူက ညဖက်တွေမှ အားတော့ သူနဲ့ဖုန်းပြောလို့ရအောင် ညီမက မနက်ဖက်အားအောင် လုပ်ထားတာ"

အဲ့လိုပြောပြီးတော့မှ အမျိုးသမီးဆီက ဖုန်းမခေါ်သေးတာကို တော်တော်ကြာပြီကို သတိရသွားတာ။

"မနိူင်ဘူးဟေ့ နားလိုက်အုံး ဒီဆေးသွင်းထားတာ ကုန်ရင်တော့ ပြန်လို့ရပါပြီ အိမ်ကို။ အစ်မက duty ဆိုလို့ လိုက်ပို့လို့တော့ မရဘူးရော"

"ရတယ် အစ်မ taxi နဲ့ဘဲ ပြန်လိုက်မယ်"
———————

"Bae"

အခန်းတံခါးကိုဖွင့်ပြီး အမျိုးသမီးဝင်လာတော့ တွေ့တော့ အိပ်မက်မက်နေတယ်ထင်တာ။ ဖုန်းခေါ်လို့တောင်မရလို့ စိတ်တိုနေတာကိုလေ။

Lost in translationDonde viven las historias. Descúbrelo ahora