Maybe if...

459 51 2
                                        

"သမီးအလုပ်တွေ ရှုပ်နေတာကို ထပ်ရှုပ်မိသွားရင် sorry နော်"

"ဘာမှမဖြစ်ပါဘူး အန်တီ သမီးဒီရက်ပိုင်း နည်းနည်းအားနေတာရယ် အစကတည်းက"

"သမီးကို အကူညီတောင်းစရာရှိလို့"

"ဟုတ်ကဲ့ ရပါတယ်အန်တီ"

"လီဆာ အလုပ်လုပ်မယ့် ဆေးရုံကို သိပြီးသွားပြီလား??"

"D.D ဆေးရုံမဟုတ်ဘူးလား အန်တီ?"

"အဲ့ဒါဆို သမီးလဲ မသိသေးဘူးဘဲ"

"..."

ကလေးငယ်ဟာ ဘာတွေ ကိုယ့်ကိုမပြောဘဲ လျောက်လုပ်နေတာလဲမသိ။

"သူက D.D ဆေးရုံမှာ မဆင်းချင်လို့တဲ့ နောက်ထပ်ဆေးရုံတစ်ခုကို apply လုပ်ထားတာလေ။ တကယ်တော့ အမေ့ကိုလဲ ပြောချင်သေးပုံ မရပါဘူး၊ သမီးတို့ NewYork သွားနေတဲ့ အချိန် အဲ့ဆေးရုံရဲ့ acceptance letter က အိမ်ကိုရောက်လာလို့သာ သိတာ၊ ဘာလို့ D.D ဆေးရုံမှာမလုပ်ချင်တာလဲလို့ မေးတော့လဲ သေချာတဲ့ အကြောင်းပြချက်မရှိဘူးရယ်။ အဲ့ဒါ သမီးမေးကြည့်ပြီး ဖျောင်းဖျပေးပါအုံး၊ သမီးပြောပြရင်တော့ ရမယ်ထင်တယ်။ သူက
သမီးမျက်နှာ တစ်ကမ္ဘာလေ။"

သမီးမျက်နှာတစ်ကမ္ဘာမို့လို့ သူက D.D ဆေးရုံမှာ အလုပ်မလုပ်ချင်တာထင်တယ် အန်တီရယ်လို့ ပြောလိုက်ရင် အန်တီအတွက်သွေးတက်စရာများဖြစ်သွားမလား??

"သမီး ဒီကိစ္စကို အခုမှ သိတာရယ်။ သမီးသေချာမေးကြည့်ပေးတော့ ဖျောင်းဖျကြည့်ပါ့မယ်..မဟုတ်ဘူးရအောင်ပြောကြည့်ပါ့မယ်"

ကိုယ့်ကြောင့်ဖြစ်ပေါ်လာတဲ့ ပြဿနာတွေ ဆိုတော့ကိုယ်ဘဲဖြေရှင်းရမှာပေါ့။ ဖြေရှင်းနိူင်တဲ့နည်းလမ်းတစ်ခုခုတော့ရှိမှာဘဲ မဟုတ်ဘူးလား????

"အင်း အန်တီလဲ သမီးဘဲ ဖျောင်းဖျပေးနိူင်မယ် ထင်လို့ အကူညီတောင်းတာ။ သမီးသိတယ်ဟုတ် Lalisa ရဲ့ အသက် ၁၈ နှစ်အရွယ်ကတည်းက ချမှတ်တဲ့ ဆုံးဖြတ်ချက် ကြီးတာရော သေးတာရော အကုန်လုံးက သမီးအပေါ်မူတည်နေတယ်ဆိုတာ၊ အန်တီ့အတွက် နည်းနည်း
စိတ်မကောင်းစရာပေမယ့် သမီးနဲ့ ပတ်သတ်ပြီး
သူချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေက အကောင်း
ဖက်ကို ဦးတည်တဲ့ ဆုံးဖြတ်ချက်တွေ မို့လို့ စိတ်သက်သာရပါတယ်။ ဥပမာပြောရမယ်ဆို သူဆေးကျောင်းတက်ဖို့ရွေးချယ်လိုက်တာပေါ့"

Lost in translationOù les histoires vivent. Découvrez maintenant