What's wrong

373 45 2
                                        

"အဲ့ဒါဘယ်လိုဖြစ်တာလဲ ပြောပါအုံး"

စာအိတ်ကို လက်ညိုးနဲ့ ထိုးပြရင်း မနက်စာ စားပွဲဝိုင်းမှာ အမေကမေးလိုက်တဲ့ စကားပါ။
ဒီကိစ္စဘဲဖြစ်မယ်ဆိုတာကို သိပြီးသားမို့လို့ မနေ့က ခရီးကပြန်ရောက်ရောက်ချင်း မဖြေချင်လို့ အခန်းထဲ
တန်းဝင်ပြီးနေနေလိုက်တော့တာရယ်။ ညနေစာတောင် ထွက်မစားဖြစ်။ ဒီနေ့တော့ ကျောင်းသွားရမှာဆိုတော့ ထွက်မလာလို့မရ။ အမေမျက်နှာကြည့်ရတာတော့ တော်တော်စိတ်ဆိုးနေတဲ့ ပုံစံဘဲ။ အဖေ့မျက်နှာကတော့ စိတ်ဆိုးနေတာလား မဆိုးနေတာလားဆိုတာ မခွဲတတ်ဘူး။ ငယ်ငယ်ကတည်းက အဲ့လိုဘဲ အဖေ့ကို နားမလည်ဘူး။ နားလည်အောင် မကြိုးစားခဲ့လိုလဲ ပါမှာပေါ့။ ဒါပေမယ့် အဖေ့နဲ့ မကောင်းတဲ့ ဆက်ဆံရေးရှိတာတော့ မဟုတ်ပါဘူး။ ဘဝရဲ့ အကောင်းဆုံး memories တွေထဲမှာ အဖေနဲ့ ပတ်သတ်တဲ့ အရာတွေ အများကြီးရှိပါတယ်။ အမေ့လောက်တော့ မများပေမယ့်ပေါ့။

"လာလီဆာ??"

အတွေးလွန်နေတုန်း အမေ့အသံ ထပ်ထွက်ပေါ်လာပါတယ်။

"အင်း အဲ့ဒါ သမီးလျောက်ထားတဲ့ ဆေးရုံက သမီးကို လက်ခံကြောင်းစာရောက်နေတာလေ"

ဘာမှမဖြစ်သလို ပြောနေပေမယ့် ခရီးသွားနေတဲ့ ကာလမှ ရောက်လာရလားဆိုပြီး ဘာအပြစ်မှမရှိတဲ့ postal ရုံးက လူတွေကို စိတ်ထဲက ကျိန်ဆဲနေပြီရယ်။ ဟုတ်တယ်လေ ဒီကိစ္စအကြောင်း ဘယ်သူမှမပြောရသေး (အမျိုးသမီးကိုလဲ မပြောရသေးခင်) ဗြုန်းစားကြီး ရောက်ချလာတာလေ စာအိတ်က။

"အင်းလေ ဘာလို့ ဆေးရုံက ဒီဆေးရုံဖြစ်နေတာလဲ၊ အရင် intern ဆင်းခဲ့တဲ့ D.D ဆေးရုံမဟုတ်ဘဲနဲ့လေ"

တွေ့လား ဒီလိုဖြစ်မှာစိုးလို့ ကြိုမပြောပြထားတာ။
စီစဉ်ထားတာက ဆေးရုံဆင်းခါနီး တစ်ပတ်လောက်အလိုမှ အကုန်လုံးကို (အမျိုးသမီးကိုရော) ပြောပြမယ်
လုပ်ထားတာ။ အဲ့ခါကျရင် တစ်ပတ်လောက်ဘဲ လိုတော့တာဆိုတော့ ဆေးရုံပြောင်းတာတွေ ဘာတွေလုပ်လို့မရတော့ဘူးဆိုတော့ ဘာမှပြောလို့မရတော့ဘူးလေ။ အခုတော့......

"အင်း ဒီဆေးရုံက သမီးအတွက် ပိုအဆင်ပြေမယ်ထင်လို့၊ လျောက်လိုက်တာ"

Lost in translationWhere stories live. Discover now