"car accident နဲ့ ရောက်လာတဲ့ လူနာကိုလာကြည့်တာပါ"
"ဟုတ်ကဲ့ အခန်း no 327 မှာပါ"
__________
အခန်းထဲ ဝင်မယ်လုပ်တော့ အခန်းထဲက ထွက်လာတဲ့ ဆရာဝန်ကြီးနဲ့ ဆုံပါတယ်။ လာလီဆာ အကျိုးအကြောင်းမေးကြည့်တော့—"ကားရှေ့က ဖြတ်သွားတဲ့ ကလေးကို တွေ့ပြီး ရှောင်လိုက်တာမှာ ဘေးကမောင်းလာတဲ့ ကားတဲ့ ညှိပြီး ဖြစ်သွားတာတဲ့။ သွားငြှိတဲ့ ကားပိုင်ရှင်က ဖုန်းဆက်လှမ်းအသိပေးပြီး ambulance ခေါ်ပေးတာ။ လူက ဘာမှ ကြီးကြီးမားမား ဒဏ်ရာမရပေမယ့် အရမ်းလန့်သွားလို့ ထင်တယ် သတိလစ်သွားတာ။ အခုတော့ ဆေးသွင်းပေးထားလို့ အိပ်ပျော်နေတယ်။ သူနိုးလာရင်တော့ medical check up တစ်ခေါက်ထပ်လုပ်ရမယ်။ အဲ့ဒါဆို ခွင့်ပြုပါအုံး"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်"
————————
အခန်းထဲ ဝင်လိုက်တာနဲ့ ကုတင်ပေါ် အိပ်ပျော်နေတဲ့ အမျိုးသမီးကိုတွေ့ပါတယ်။ အမျိုးသမီးဟာ အိပ်ပျော်နေရင်းနဲ့ အိပ်မက်ဆိုးတွေများ မက်ပြီးငိုထားသေးလားဘဲ မျက်လုံးတွေက ဖောင်းနေရော။ ဒါအမျိုးသမီးရဲ့ ရင်းနှီးပြီးသားပုံစံ။လေဆိပ်ရဲ့ ခုံတန်းမှာ မျက်လုံးမှိတ်ပြီး အိပ်ပျော်နေတဲ့ ဒီပုံစံ ဒီမျက်နှာ က သူ့ကို ဆွဲဆောင်လိုက်တာလေ။ ကယ်တင်ချင်စိတ်တဲ့ ဖြစ်ပေါ်လာအောင်ပေါ့။
ကယ်တင်လိုက်နိူင်ပြီလို့ ထင်ခဲ့တာ။ တကယ်က မဟုတ်သေးဘူးဘဲ။ အနာတရတွေဘဲ ထပ်ပေးနေခဲ့မိတာလား??
သဘောကျရတဲ့ ပါးဖောင်းဖောင်းပေါ်က ဒဏ်ရာကို မြင်ရတဲ့ အချိန်ကတော့ ကိုယ့်ကိုကိုယ်တောင် မလိုချင်တော့တဲ့ အခိုက်တန့်တွေပေါ့။———————
"bae"ကိုယ်သူ့လက်ကို ဆုတ်ကိုင်ပြီး ကုတင်ပေါ်မှောက်ပြီး အိပ်ပျော်နေတုန်း အမျိုးသမီးဟာ ကိုယ့်ကိုတိုးတိုးလေးခေါ်ပြီး နိုးပါတယ်။
"bae sofa မှာသွားအိပ်လိုက်လေ ခဏ။ ကိုယ်သက်သာပါတယ်၊ bae ကို စိတ်ပူစေမိတာ sorry"
လာလီဆာ မငိုဘူးလို့ ထိန်းထားပေမယ့် မျက်ရည်တွေက ကျလာပါတယ်။ ကမ္ဘာကြီးက ရပ်နေတာ အခုမှ ပြန်လှည်လာသလိုမျိုးလဲ ခံစားရပါတယ်။
ESTÁS LEYENDO
Lost in translation
Historia CortaMay be the thing was a masterpiece till you tore it all up