Part - 9 (Z+U)

9.8K 1.5K 69
                                    

🍼 ယွီကျိုးလေးရဲ့ အမေက မင်းဘဲ ( Uni )

"ဟေးဘရို ၊ မင်းဘာတွေငေးနေတာလဲ ? ထုပ်ပိုးပြီး ဓာတ်ခွဲခန်းကို သွားရမယ့် အချိန်ရောက်နေပြီ "

ပုခုံးပေါ် တစ်ယောက်ယောက်လာပုတ်သလို ခံစားလိုက်ရတာကြောင့်၊ ဟယ်ကျိုးအလျင်အမြန်ဘဲ တုံ့ပြန်လိုက်တယ်။သူ့ရဲ့ဖုန်းကို ပိတ်လိုက်ပြီး အိတ်ကပ်ထဲထည့်လိုက်ကာ၊ သူ့ရဲ့စာအုပ်တွေကို စုကိုင်လိုက်ပြီး မတ်တပ်ထရပ်လိုက်တယ်။ "ကောင်းပြီ၊ သွားကြတာပေါ့"

ဖိန်ချိုး : "မင်း ကျောင်းဖိုရမ်ကိုကြည့်နေတာလား?"

(T/N ; ဖိန်ချိူး : P 2က ဟယ်ကျိုးရဲ့သူငယ်ချင်း။မှတ်မိကြတယ်မလား? )

"မဟုတ်ပါဘူး၊ ကျောင်းဖိုရမ်ကဘာတွေဖြစ်နေလို့လဲ?"

"ဒါဆို မင်းခုထိမတွေ့သေးဘူးပေါ့?"

"ပြောပါအုံး" ဟယ်ကျိုးက သူ့ရဲ့လက်တွေကို ဘောင်းဘီအိတ်ကပ်ထဲထည့်ထားပြီး သူ့မျက်လုံးတွေက အနည်းငယ်မှိတ်ထားကာ၊ အနည်းငယ် အေးစက်ပုံပေါ်တယ်။

ဒီနေ့ ဟယ်ကျိုးက အားကစားဝတ်စုံဝတ်ထားပြီး အဝတ်အစားနဲ့ဒီဇိုင်းပုံစံက ခါတိုင်းလိုလေးနက်ပြီးအေးတိအေးစက်ပုံစံ မဟုတ်ဘဲ သူ့စိတ်နေစိတ်ထားတစ်ခုလုံးကို နူးညံ့နေစေတယ်။

ကံမကောင်းစွာနဲ့ဘဲ အလွန်အမင်းဖိနှိပ်မှုအပြည့်နဲ့ ဟယ်ကျိုးရဲ့ ရှည်လျားတဲ့အရပ်နှင့် သူ့ရဲ့ ခံစားချက်မရှိတဲ့မျက်နှာထားတို့ ပေါင်းစပ်ကြည့်လိုက်တဲ့အခါမှာ သူ ဘာဘဲဝတ်ထားထား အားလုံးအတွက်တော့ အကွာအဝေးတစ်ခုခြားထားသလို ခံစားမှုပေးနေဆဲဖြစ်တယ်။

သူ့နဲ့ အမြဲအတူရှိနေတဲ့ သူငယ်ချင်း ဖိန်ချိုးမှလွဲ၍ ဘယ်သူမှသူ့ကို စကားလာမပြောရဲကြဘူး။

"...ဟေး၊ညီအစ်ကို ဟယ်,မင်း ငါပြောတာကို နားရောထောင်နေရဲ့လား?"

အတန်းအချိန်တွေက တိုတောင်းတာကြောင့် ဖိန်ချိုးက စကားတွေမရပ်မနားပြောနေခဲ့တယ်။

သို့သော်လည်း၊ သူ့ခေါင်းလှည့်လိုက်စဉ် ဟယ်ကျိုးက ဗလာမျက်ဝန်းများနှင့် ငြိမ်သက်နေတာကိုတွေ့ရတာကြောင့် သူပြောတာတွေကို ဟယ်ကျိုးနားမထောင်နေမှန်းသိလိုက်ရတယ် !

『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ』COMPLETE in paid gpWhere stories live. Discover now