Part. 4

1.2K 26 2
                                    

"ဒါဆို ရှင့်အကြိုက်က ."

သျှမ်းမြင့်မိုရ်သော် သူ၏ ရှေ့ ၌ ရပ် ကာ အနောက်ဝိုင်း၌ ထိုင်နေသော သူ၏ မောင်လေး ကိုလှည့်ကြည့်ကာ ပြောနေသည့် အမျိုးသမီးကြောင့် သူ ခေါင်းငြိမ့် ပြလိုက်လေသည်။

"အဟက် ...သိပ်ဟုတ်တယ် ...ကျုပ်အကြိုက်က ခများ မောင်လေး "

သျှမ်းမြင့်မိုရ်သော် သူ၏ အပြော ကြောင့်ထို အမျိုးသမီး ငယ် မျက်နှာပျက်ကာ သူ့ရှေ့မှ ထွက်သွားမည် ဟု ထင်ထားသော်လည်း သူ့ အထင်နဲ့ များစွာ ကွဲလွဲနေခဲ့လေသည်။

"အားးးးးးး"

သျှမ်းမြင့်မိုရ်သော်တစ်ယောက် ထို အမျိုးသမီး၏ အော်သံကြောင့် သျှမ်းမြင့်မိုရ်သော်လန့်သွားရကာ ခြေချထိုင်နေသည့် သူ့၏ ခြေထောက်များ ပင် လျှင်မြန်စွာ ခုံပေါ်သို့ရောက်သွားရလေသည်။

"ဘာ ..ဘာဖြစ်တာလည်း အမိ "

"တကယ်ပဲ မောင်လေး ကို ကြိုက်လား ဟင် "

ရုတ်တရပ် သူ့ နဘေး သို့ ဝင်ထိုင်ကာ ယခင်ကနှင့်မတူ မျက်နှာ ကြီး မှာ ပြုံးဖြီးနေသော ထိုဘအမျိုးသမီး ကြောင့် သျှမ်းမြင့်မိုရ်သော် ပါးစပ်အဟောင်း သား ဖြစ်သွား ရလေသည်။

"ဟိုင်း ..ငါ့နာမည်က ဆုထက်တဲ့ ဟီး ခုဏ က လန့်သွားတာလား ဟီး "

"ငါက Fujoshi လေး ဟီးဟီး "

သျှမ်းမြင့်မိုရ်သော် သူ့အနားနားသို့ကပ်ကာ ပြောလာသည့် ထို အမျိုးသမီးကြောင့် သူ့မျက်လုံးများပင်ပို၍ ဝိုင်းစက်သွားရလေသည်။

Fujoshi ဆိုပဲ ။ ငါက လန့်စေချင်လို့ ပြောကာမှ သူက ငါ့ထပ် ပို ဆိုးနေပါလား ။

"မလန့်ပါ နဲ့ဟယ် ...ခုဏ က လည်း ဟီး ဝါသနာ အရမသိလို့ ငမ်းမိတာပါ ဟယ် "

"ဘာမှ စိတ်မပူနဲ့ သိလား ...နင်သဘော ကျရင် ငါက ငါ့မောင်လေးနဲ့ နင့်ကို အောင်သွယ်ပေးမှာ "

သျှမ်းမြင့်မိုရ်သော်တစ်ယောက် သူ့နာဖူးကို ပင် သူ ပြန်ရိုက် လိုက်မိလေတော့သည်။ Fujoshi ဆိုသည့် အဓိပ္ပါယ်ကို သျှမ်းမြင့်မိုရ်သော် သိထား သည်မို့ သူအံ့သြခဲ့ရလေသည်။

🏡ကမ္ဘာငယ်လေး🏡(Completed)Место, где живут истории. Откройте их для себя