Uni_ Part.11

2.5K 127 2
                                    

မဟာသင်္ခမောင်တစ်ယောက် အလုပ်ကိစ္စနှင့် မြန်မာတို့ ပြန်လာ ခဲ့သည်မို့ သျှမ်းရတနာစံအိမ်၌ တာ တည်းခဲ့လေသည်။ သူငယ်ချင်း ဖြစ်သူ မှာ လည်း အတင်း ခေါ်နေသဖြင့် သျှမ်းရတနာစံအိမ်၌ နေဖြစ်ခဲ့ ခြင်း ဖြစ်လေသည်။

"ဘယ်လိုလည်း သင်္ခ ...ငါ့အိမ်မှာ နေရတာ အဆင်ပြေရဲ့ လား "

ဘာလိုလိုနှင့် မဟာသင်္ခမောင် သျှမ်းရတနာစံအိမ်တို့ ရောက်ခဲ့သည်မှာ ၃ရက်ပင် ရှိခဲ့လေပြီ ဖြစ်သည်။

"ပြေပါတယ်ကွာ ...မင်းရှိနေတာ ပဲ ငါက အဆင်မပြေစရာ ရှိပါ့မလား "

"ဟားးးအေးပါကွာ "

"မင်း အလုပ်ကိစ္စတွေ ပြီး တာ နဲ့ ဂျာမနီတန်းပြန်မှာလား "

"ဟုတ်တယ် ကွ ...ဟိုမှာလည်း အလုပ်တွေ က များ မင်း သိတဲ့ အတိုင်း ပဲ ကွာ "

"ငါ့ကောင်ကြီး မင်း အလုပ်တွေ ပဲ ကြိုးစားနေတာ ဘာလည်း မင်း မိန်းမ လေး ဘာလေး ယူဖို့ စိတ်ကူးမရှိဘူး လား "

သင်္ခ တစ်ယောက် သူ၏ ပုခုံး အား ဖက်ကာ မေးလာ သည့် သျှမ်းဇေခိုက်သော်ကြောင့် ပခုံးလေး သာ ပင့်မိလိုက်လေသည်။

မိန်းမ ဟုတ်လား ။ မိန်းမကိစ္စ မပြော နှင့် အလုပ်ကိစ္စတွေ နဲ့တောင် သူ့မှာ ခြာခြာ လည်နေတုန်းရှိသေး။ မိဘတွေ က မိန်း မ ပေးစား တာ ကို ပင် အလုပ် အကြောင်း ပြကာ ငြင်း ခဲ့ ရသေး။ သူ့အသက်တာ ၃၅ နှစ် ဝင်လာ သည် သူ့မှာ မိန်း မ ကိစ္စမပြော နှင့် မိန်းကလေး ဆိုလို့ သူ၏ မိခင်မှ အပ အခြား မိန်း မပျို များနှင့် ရောရောနောနော ပင် မရှိဖူးချေ။

သူ့အတွက် အချစ်ဆို တာ သူ လုပ်နေသည့် အလုပ်များ လောက် ပင် အရေး မပါသည့် အလား ။  ငွေးကြေးတွေ လ(ို %)  ရာခိုနှုန်းတွေ နဲ့ တွက်ချက်လို့ ရသည့် အရာ မျိုးလား ဟု မေးခွန်း ပြန်ထုတ်တက်သည့် သူ့ကြောင့် အခြား စီးပွား ဖက်များ က သူ့ အား လူ့ခွ စာ ဟု ပင် ဆို တက်သေး၏။

မဟာသင်္ခမောင် အတွက်တော့ အချစ်ဆို တာ တိမ်ဆိုင် တိမ်ငွေ့ တွေ လို မကြာ ခင်မှာ ပဲပြယ်ပျောက် သွားလိမ့် မည် ဟု လက်ခံ ထားသည့် သူ မျိုးပင်။ သူ၏ နှလုံးသား ကို လုပ်ကို နိုင်သည့် သူ မရှိသေးသော ကြောင့် လည်း ဖြစ်လိမ့် မည်။

🏡ကမၻာငယ္ေလး🏡(Completed)Donde viven las historias. Descúbrelo ahora