Part.12

1.1K 30 4
                                    

ဘာလိုလို နှင့် ငယ်လေးပင် ၁၀တန်း စာမေး ပွဲ ကြီး ဖြေဆို ပြီးခဲ့ ပြီ ဖြစ်လေသည်။ ငယ်လေးလည်း ကျောင်း ပြီး ပြီ ဖြစ် ၍ အကို ဖြစ်သူ များ နှင့် အလုပ် လိုက်သွား လိုက် လျှောက်လည် လိုက်နှင့် အချိန် ကုန်နေ ခဲ့ လေသည်။

နေ့တွေ လတွေ တာ ပြောင်း သွားခဲ့ သည် ငယ်လေး လူကြီးကို တော့ မမေ့ ခဲ့ ပါချေ။ ဘာ ရယ်ကြောင့် တော့ ငယ်လေး မသိ။  ငယ်လေး တို့ စာမေး ပွဲ မဖြေခင်က ထဲ က ပြန် သွားသည့် လူကြီး မှာ ယနေ့ ထိ မြန်မာ ငို့ ပြန် လာ ခဲ့ ပုံ မပေါ်ချေ။ တစ်ခါ တစ်ရံ ကိုကျြိးဇေခိုက်သော်နှင့် ဖုန်း ပြော နေ သည်ကို တော့ ငယ်လေး ကြား တက်လေသည်။

"ဟူးး  ပျင်းလိုက်တာ ကွာ "

"ကျောင်းကြီး ပိတ်သွား တဲ့ နွေ ရာ သီ က လည်း ခြောက်ကပ်ကပ်နဲ့ "

"သစ်ရွက်ကြွေနေတာ တွေ ကြည့် ပြီး ဘယ်သူ့ လွမ်းလို့ လွမ်းမှန်း မသိ ခက်ပါ ပေ့"

ရုပ် တည် ကြီး နှင့် ပြော နေသော ငယ်လေး သျှမ်းလမင်းသော် ကြောင့်ပိုင်ခန့် လောင်ရယ်မိခဲ့ လေသည်။

"ဟားဟား လမင်း ရာ ..ဘယ်သူ  ကို လွမ်း မှန်း မသိတာ က ဟုတ် ကော ဟုတ် လို့ လား ကွာ "

"သေချာ တာ က တော့ မင်းတွဲ ခဲ့ တဲ့ ကောင်မလေး တွေ တော့ မဟုတ် ဘူး မို့ လား "

"ဟ ငါ က ငါ့ရည်းစား ဟောင်း တွေ မလွမ်း လို့ ဘယ်သူ့ လွမ်း ရမှာ လည်း ကွာ "

"ဟို မင်းရဲ့ လူကြီး လေ ကွာ ..ဟုတ်တယ်မို့ လား ..ဟား ဟားး "

လူကြီး ဆို သည့် စကား ကြောင့် ငယ်လေး မျက်နှာ လေး သိသိသာသာ ရဲ တက်လာ ခဲ့ ရလေသည်။

"မင်း ..မင်း  ထင်တာ လိုက်ပြော မနေနဲ့ ..ငါ က ဘာကိစ္စ အဲ့ လူ ကြီး ကို လွမ်းရမှာ လည်း "

"အဲ့လူကြီး က ဟို မှာ မိန်း မ တောင် ရနေလောက် ပြီ "

လူကြီး ဟူသော အပြော လေး နှင့် မျက်နှာ လေး စူပုတ် ကာ ပြော နေသည့် သူ ငယ်ချင်း ဖြစ် သူ ကြောင့် ပိုင်ခန့် တစ်ယောက် အရယ် ပင် မရပ်နိုင်တော့ ပေ။

"အေးအေး ...ရယ်နေ ရယ်နေ ..မင်း အကြောင်း တွေ  ငါ ကိုငယ့် ကို သွား ပြော ပြမှာ နော် ဟေ့ ကောင် ပိုင်ခန့်"

🏡ကမ္ဘာငယ်လေး🏡(Completed)Où les histoires vivent. Découvrez maintenant