🏡ကမ္ဘာငယ်လေး🏡
Part. 25
"ကလေးကို လွမ်းလိုက်တာ "
"ကလေး ရည်းစားတွေ များရနေပြီလား .....ဟူး ကလေးရာ..ကိုယ် မင်းလေးက်ို မပိုင်ဆိုင် ရသေးသ၍ ကိုယ် စိတ်မချ နိုင်ဘူး ဖြစ်နေတယ် "
"ကလေးခုချိန် ..ဘာတွေ များလုပ်နေမလည်း "
"ဟူး ..ကိုယ် ရင်တွေ မောရပါတယ် ကိုယ့်ဘဝ ရဲ့ ကမ္ဘာငယ်လေးရယ် "
မဟာသင်္ခ မောင် တစ်ယောက် ဆေးရုံကြီး ၏ VVIP အခန်းကြီးထဲ ရှိ လူနာ ကုတင် ထပ် ကျောမှီ ကာ ထိုင် ရင်း ပြတင်း ပေါက်မှ တိုးဝင်လာသော လေပြေလေးများ ကို ရှု ရိုက် ကာ အိမ်မက် အကြောင်း ပြန်စဉ်းစား ရင်း ရင်ပူ နေ မိခဲ့ လေသည်။
သြော် အဖြစ်က လည်း ခုလို တွေ ဖြစ်မှာ စိုးရိမ် လို့ မပိုင်ဆိုင်ရမှာ ကြောက် မိ လို့ ကလေး အသက် မပြည့် သေးတာ သိ ရဲ့ နဲ့ မသိ အောင် ထိုး ပြေးပါတယ်ဆို သင်း(ဒင်း)လေး က အိမ်ကို ဖုန်းဆက်ပြီး လာ ကြို ခိုင်း သတဲ့လေ။
ဟူး ကိုယ်တကယ် မင်းကို ပိုင်ဆိုင် ချင်တယ်ကွာ။ မင်းလေးကိုယ့်ကို စောင့်နေပေးနော် ကိုယ်မင်းလေးဆီ ရောက်အောင် ပြန်လာမှာ။
"ဒေါက် ...ဒေါက် "
"ဝင်ခဲ့ "
"Boss ..ဆရာသျှမ်းဇေခိုက်သော် ဆီက ဖုန်းလာတယ် Boss"
"ဟုတ်ပြီ ဖုန်းထား ခဲ့ ..ရပြီ သွားလို့ "
"ဟုတ်Boss"
မဟာသင်္ခ မောင် ယခု မှ သတိရကာစ ဖုန်းများ ၏ ကိုယ်ရံ တော် ထံ မှာ ပေးထား ချင်း ပင်။
"Hello...ချစ်လှစွာသောယောက်ဖကြီး"
"ဒီလောက်ဆို မင်းအမာကြီး ရှိ ပါသေးတယ် ..ငါက မင်းတစ်သက်လုံးများ အိပ်နေတော့မှာလားလို့ "
"ဘာလည်း မင်းက ငါ့ကို မေတ္တာပို့နေတာပေါ့လေ "
"ဟားးဟားး ငါက ဆုတောင်းရုံလေးပါ ကွာ"
"သေလေ အဲ့ မှာ ..ငါက မင်းညီလေးကိုယူ အုံး မှာ ယောက်ဖရ"
"မင်းလို စိုးရိမ်ပူပန်ပေးမယ့် ..အဖြစ်မရှိ လူပျိုတိုးကြီးမဟုတ်ဘူး ဟျောင့်ရေ "
YOU ARE READING
🏡ကမ္ဘာငယ်လေး🏡(Completed)
Short Storyခု ရေးမယ့် Ficလေး ကတစ်ခါ မှတော့ မရေးဖူးဘူးပေါ့နော်။ စိတ်ကူးထဲ ပေါ်လာ လို့ ရေးကြည့်လိုက်တာပါ။