Uni .part.32

1.7K 88 3
                                    

ကမ္ဘာငယ်လေး 

အပိုင်း ၃၂

လူကြီးကို ချစ်တယ်.....

ဟုတ်တယ် ကျွန်တော်လူကြီးကို ချစ်နေမိခဲ့ပြီ။

အမြဲတမ်းငါဟာ မိန်းခလေးတွေကို ပဲ ကြိုက်တာပါ လို့ ကျွေးကျော်ခဲ့တဲ့ငါ က ကိုယ့်ထက် အသက်အမှား ကြီး ကွာ တဲ့ ကိုယ်နဲ့ လိင်တူ အမျိုးသား တစ်ယောက်အပေါ်ကို စိတ်တွေ ယိုင်လာခဲ့တယ်တဲ့လေ။

ပထမတော့ ညာချင်မိတယ် ငါ လိင်တူချင်း မကြိုက်ပါဘူး ။ ငါ ဟာ Gay မဟုတ်ဘူး ...အစ သဖြင့် တွေးတော ခဲ့ပေမယ့် မထင်မှတ်ပဲ အဲ့ဒီအမျိုးသား အပေါ် ရူးနေအောင်ချစ်မိသွားခဲ့တယ်တဲ့လေ။

ကျွန်တော့နှလုံးသားကြီးက လူကြီးနှင့် ပထမဆုံး မတော်တဆနမ်းမိကထဲက မူ မမှန်ချင်ခဲ့တော့တာ။

ကျွန်တော် Gay မဟုတ်ဘူး ။ ကျွန်တော်ချစ်မိသွားတဲ့ သူက အမျိုးသား တစ်ယောက်ဖြစ်ခဲ့ရုံပါ။  ယောကျာ်းတိုင်းကို ကျွန်တော်မကြိုက်ဘူး ။ ဟုတ်တယ် လူကြီး ဖြစ်နေလို့ ကို ကျွန်တော့ နှလုံးသား က ချစ်မိသွား ခဲ့တာ။

                 ********************

"ဦး"

"ဘာလည်း "

"ဟာဗျာ ..ဦးကလည်း ကျွန်တော့ဆို အမြဲ စိမ်းကား တာပဲ "

"ကျစ် ...မင်းဘာဖြစ်နေတာလည်း"

သျှမ်းဇေခိုက်သော်တစ်ယောက် ယနေ့ မှ ကုမ္ပဏီမှ နေ့လည် ထမင်းစား ဆင်းချိန်၌ အငယ်ကောင်လက်ချက်နှင့်ဆေးရုံတက်နေရသော ကောင်လေး  ညို့ဟိန်းသစ်ဆိုသော ကောင်လေး အား သတင်း မေးဖို့ သွား ရန် ကုမ္ပဏီမှ အထွက် အနား သို့ အပြေးရောက်လာသော တိမ်ယံကြောင့် သျှမ်းဇေခိုက်သော်  မျက်မောင်ကုတ်လိုက်လေသည်။

အလုပ် မှာလည်း အလုပ်မှာ မို့ အပြင်ဆိုလည်း အပြင်မို့ နေရာတကာ လိုက်ကပ်နိုင်လွန်းသော တိမ်ယံဆိုသည့်ထိုသကောင့် သား ကြောင့်   သျှမ်းဇေခိုက်သော် ကြာတော့ စိတ်အချဉ်ပေါက်လာရခြင်းပင်။

တစ်ခါတစ်လေများ ဆိုလျှင် သူက လူကို မထ်ခလုပ်ထိခလုပ်နဲ့ ပသား ယူ တက်သေး ။ ရုံးခန်းထဲ များ တစ်ယောက်ထဲ အလုပ်ကိစ္စ စိစဉ်နေပြီဆို အနား ကို အပြေး ရောက်လာ ကာ ကော်ဖီတွေ ဖျော်ပေးလိုက် စာရင်း တွေ လာစစ်ကူ လိုက် လူကို လာမြှူဆွယ်လိုက်နဲ့ တိမ်ယံ့ဘုန်းထက်တို့က ကုမ္ပဏီမှာ သူ အအား ဆုံး ပဲ ။

🏡ကမၻာငယ္ေလး🏡(Completed)Où les histoires vivent. Découvrez maintenant