Uni . part. 34

1.8K 91 7
                                    

အပိုင်း ၃၄

မဟာသင်္ခ မောင်တစ်ယောက် ရုတ်တရပ် သူ့အပေါ် ခုန်တက်လာသော ကလေးကြောင့် အစက လန့် သွား ပင်မယ့် နောက်မှ သူ့အား ဖက်ကာ ချွဲ လာ မှ သူ့ မှာ ကြည်နူး ရပြန်သေး၏။

"လူကြီး "

"ဗျာ "

"အိုက်ရား လူကြီး က အရမ်း ချစ်ဖို့ ကောင်း "

"ဟောဗျာ ကိုယ်က ချောတာ  မဟုတ်ဘူး လား ကလေး လေးရဲ့ "

"ဟီးဟီး လူကြီး က ချောလည်း ချောတယ် ခန့်လည်းခန့်တယ် ချစ်ဖို့လည်းကောင်းတယ် ဟိဟိ ...လူကြီးမုန့်ဝယ်ကျွေးတော့ "

"ဟောဗျာ ..ကိုယ့်ကလေးလေးက မုန့်စား ချင်လို့ လူကြီးကို မြှောက်ပြောတာပေါ့ လေ "

"အဆိုးလေး "

မဟာသင်္ခမောင်တစ်ယောက်ယခုမှ သူ၏ ပူပူနွေးနွေး ချစ်သူ လေး  ၏ အချွဲတွေ ကြောင့် သူ၏ ရင်ဘက်ထဲ မှ အကောင်ပေါက်လေး က ပိုင်ရှင်ကိုတောင်အားနာရမှန်းမသိ ခုန်ပေါက်နေတယ်လေ။

မဟာသင်္ခမောင် ပွေ့ ချီထားသော ငယ်လေး အား လက်တစ်ဖက် ဖြင့် ထိန်းကာ ကျန်လက်တစ်ဖက်ဖြင့် စဉ်းနေသော ငယ်လေး ၏ နှာ ဖျား လေး အား လက်က လေး နှင့် အသာ ဆွဲ ညစ်လိုက်လေသည်။

"အာ လူကြီးကလည်း "

"ဘာလည်း လူကြီး က မုန့်မဝယ်ကျွေး ချင်လို့ လား ပြော "

"ဟောဗျာ မဟုတ်ရပါဘူး ကလေးရဲ့ "

"ကလေး ကြိုက်တဲ့ မုန့် တွေသာ လက်ညိုး ထိုး လိုင် ကိုယ်က အကုန်ဝယ်ကျွေး ပြစ်မှာ ။ နောက် ကလေး က စားချင်တာ ရှိရင် လည်း ပြော ဟော့ဒီကောင်ကြီး က ကျေကျေနပ်တပ် ကြီး ကို ချက်ကျွေး အုံး မှာ ပါ ဗျာ။ ကလေး က စားချင်တဲ့ဟာ တာ နှုတ်တော်လေး က ဖွင့် ပြော လိုက် ..အား လုံး က ကလေး အလို ကျ ဖြစ်စေ ရမှာက လူကြီး တာ ဝန်ထား "

"ဟီးဟီး  လူကြီး က သိပ်ချစ်ဖို့ ကောင်း "

"အဟမ်း ..ငယ်လေး ..ဒီဆိုင်ထဲ မှာ မင်း အကို အရင်းကြီး ငါ လည်း ရှိသေးတယ်နော် "

သျှမ်းမြင့်မိုရ်သော် အသံ ကြား မှ မဟာသင်္ခမောင်လည်း ယောက်ဖလေး ကို မြင်တော့သည်။

🏡ကမၻာငယ္ေလး🏡(Completed)Donde viven las historias. Descúbrelo ahora