Part. 10

972 29 3
                                    

"လူ ...လူကြီး "

"အားးးးးးးး!! သရဲ "

ငယ်လေး တစ်ယောက် သူ့ အောက်မှ ဖိမိ ထားသည့် သူ ကြောင့် လန့် ကာ အော်၍ လျှင်မြန်စွာ ထကာ အိမ်ထဲ သို့ ပြေး ဝင် သွားခဲ့ လေသည်။

သူ့၏ နှုတ်ခမ်းလေး အား လက်နှစ်ဖက်နှင့် ကိုင် ၍ အော်ကာ ပြေး ထွက် သွားသည့် ငယ်လေး ကြောင့် အကို ဖြစ်သူ များ မှာ မျက်လုံး အပြူးသား ကြည့် နေမိခဲ့ လေသည်။

"သင်္ခ အဆင်ပြေရဲ့ လား "

"အင်း ...သူ က ....မင်းရဲ့ ညီလေး လား "

မဟာသင်္ခမောင် အမေးကြောင့် ကိုကြီး ဇေခိုက်သော် ပြုံး ၍ သာဖြေ လိုက်မိလေသည်။ တစ်ဖက် မှ သူ ငယ် ချင်း ဖြစ်သူ မဟာသင်္ခမောင် ကို လည်း အား နာ မိ၏။ ကိုကြီး ဇေခိုက်သော် က ပင် သင်္ခအား ဆွဲ ထူ ပေး လိုက်လေသည်။

"အဲ့ ဒါ ငါ့ ညီလေး အငယ်ဆုံးလေး လေ ...မင်းက တော့ သိမယ် မထင်ဘူး ..ညီလေးကို မွေးတုန်းက မင်း က ဂျာမနီရောက်နေတာ ဆို တော့ လေ "

"လာ အိမ်ထဲ ဝင်အုန်း ကွာ ...ဧည့်ခန်း မှာ ပဲ အေးဆေး ပြော ကြတာ ပေါ့ "

"အင်း "

သင်္ခ တစ်ယောက် ပြေး ထွက် သွား သည့် ကျော ပြင်လေး ကို သာ ငေးရင်း အိမ်ထဲ သို့ လိုက်ပါ လာ ခဲ့ လေသည်။

ငယ်လေး အကြိုက် အဝါ ရောင် အသုံး အဆောင် များ နှင့် အဝါ ရောင် ကာ လာ ဆေးခြယ်ထား သော ဧည့် ခန်း ကျယ် ကြီး ထဲံ ရှိ အဆင့် မြင့် ကျွန်း သား ကြီး ရှေး ဟောင်း ကျွန်း များ ဖြင့် ပြု လုပ်ထား သော ရှေး ဟောင်း ဆန် သည့် ထို အိမ် ကြီး၏ အလည်း ရှိ ရှေး ဟောင် ကျွန်း များ ဖြင့် ပြု လုပ်ထား သည့် ကျွန်းစား ပွဒဲ ကြီး နှင့် အဆင့် မြင့် မြငါ့း် ပြု လုပ်ထား သော ဆိုဖာ ကြီး များ သို့ သင်္ခ ကို ကြီး နှင့် အတူ ဝင် ထိုင်ခဲ့လေသည်။

ထို အိမ်ကြီး သည် မဟာသင်္ခမောင်အတွက်တော့ စိမ်းမနေပါချေ။ ကိုကြီး သျှမ်းဇေခိုက်သော်နှင့် မဟာသင်္ခ မောင်သည် ငယ်သူ ငယ်ချင်း များ ဖြစ်သည့် တိုင် ငယ်စဉ် ကထဲ က ပုခုံးဖက် ပေါင်း လာ ကြသည့် သူ ငယ်ချင်း များ ဖြစ်သည်မို့ မဟာ ထို စံ အိမ်ကြီး တို့ မကြာ ခဏ ရောက်ဖြစ်လေသည်။

🏡ကမ္ဘာငယ်လေး🏡(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ