Part. 35

561 15 0
                                    

ကမ္ဘာငယ်လေး

အပိုင်း ၃၅

ကော်ဖီဆိုင်လေးထဲ၌ ခြေပစ်လက်ပစ်ပင်ထိုင်ချကာ  အကိုဖြစ်သူများအား ဂျီတိုက်ကာ ငိုနေလေသော ပူပူနွေးနွေး ချစ်ရသူလေး ကြောင့် မဟာင်္သမောင်မှာ ရယ်ရခက်ငိုရခက်နှင့် ။ စိတ်ထဲတွင်တော့ တကယ် ကြည်နူးနေမိတာတော့ အမှန်ပင်။

ကိုယ်မှာ ဒီခုလို Surprise တိုက်ခံ ရလိမ့်မယ်လို့ လုံးဝမထင်ထားခဲ့တာအမှန်ပါ။

ချေနေတော့ လည်း ချေနေလို့ ဟော အဖြေ ရပြန်တော့ လည်း အကို တွေအားလုံးရှေ့ မှာ တရား ဝင် အသိအမှတ်ပြု ခံ ရသတဲ့ လေ။

တကယ်ပါ မဟာသင်္ခမောင် ချစ်ရတဲ့ ကလေး လေး က တကယ့် မြတ်နိုးဖွယ်ရာလေး ။ တကယ်ကို အဖိုး တန် တဲ့ ကလေး လေး ပင်။

"ဟင့် ...လူကြီး "

အတွေးလွန်နေသော မဟာသင်္ခမောင် ခမျာ ကလေး ငယ်၏ အသံ လေး ကြား မှ ယခု လက်ရှိ အခြေ အနေ ကို ပြန်ရောက်လာ ခဲ့ ရလေသည်။

သူ့ကိုယ်ပေါ်၌ ခွတက် ကာ သူ့ ပုခုံး လေးဟပေါ်၌ ခေါင်းဘတင် ရင်း သူ့အား ပူစီလေး လို ခေါင်းလေး တိုး ဝေ့ ရင်း ချွဲ နေလေသော အချွဲ စိန်လေး ကြောင့် သူ့မှာ ပို ၍ ချစ် မြတ်နိုး ရပြန်လေသည်။

"ချစ်တယ် Bae"

"သား က လည်း လူကြီး ကို အရမ်း ချစ် ဟီးဟီး "

"မွမွ ...အာဘွား အာဘွား "

တကယ်ပါ သူလေး ထင်ရင် ထင်သလို လုပ်နေတာ နဲ့ ဟော့ဒီကောင် ကြီး ရဲ့ နှလုံး သား က အရည်ပျော်လွန်း လို့ အငွေ့ပါပျံ့တော့မည် ။

ကလေး ငယ်ရဲ့ နှုး ညံ့တဲ့ နှုတ်ခမ်းသား အိအိလေး တွေ နဲ့ မဟာသင်္ခမောင် ရဲ့ ပါးပြင်လေး တို့ ထိတွေ့ တဲ့ အခိုက် အတန် က တကယ်ကို ရူး လောက် ဖွယ် ပင်။

မဟာသင်္ခမောင် မှာ သူ့ပါးလေး အား  လက်ဖဝါး နုနု လေး နှစ်ဖက်ဖြင့် ကိုင်ရင်း နမ်း နေလေ သော ကလေး ငယ်အား အံ့သြစွာ ကြည့် နေမိတော့ ငယ်လေး တို့  က တော့ လူကြီး အား ချစ်စရာ မျက်ဝန်း ငယ်တို့ ဖြင့် မျက် တောင်လေး ပုပ်ခပ်ပုပ်ခပ် လုပ်ကာ ရယ် ပြနေ ပြန်သေး သည်။

"အဟမ်း "

နှစ်ကိုယ်တူ တစ်တီတူးနေသော  ရှေ့ မှ  အလိုက်မသိ သူငယ်ချင်း ဖြစ်သူ နှင့် ကဲကဲ သဲ သဲ ဖြစ်နေလေသော  ညီငယ်လေး ကြောင့် အကိုကြီး ဖြစ် သော သျှမ်း ဇေခိုက်သော်မှာ မျက်နှာ ပူ လှ သဖြင့် ချောင်း လေး ဟမ့် လိုက် ခြင်း ဖြစ်လေသည်။

🏡ကမ္ဘာငယ်လေး🏡(Completed)Where stories live. Discover now