ကမ္ဘာငယ်လေး
အပိုင်း _ ၃၁
ကျွန်တော့အတွက်အဆိုးထဲက အကောင်း ဖြစ်ခဲ့တယ်ပဲ ဆို ရမလားတော့ မပြောတက်ပေ။ ထိုနေ့က အရှက်ကွဲမှုကြီးကြောင့် ကျွန်တော့အတွက်ကလေးကို မျက်နှာပြဖို့ပင်မရဲ့တော့ချေ။
ခါတိုင်းဆိုလျှင်ကလေးဆီတို့ချောင်းပေါက်မတက်သွားတက်သည့်ကျွန်တော်က ထိုနေ့က ဖြစ်ခဲ့သမျှအားပြန်တွေးမိတိုင်း မျက်နှာပူကာ ရှက်နေသည်မို့ ကလေးထံ သို့ အခစားတော်ဝင်မျက်နှာတော်မော်ဖူးဖို့ပင် ကျွန်တော်ရှက်ရွံ့နေခဲ့မိသည်။
ယူကေသို့အလုပ်ကိစ္စအတွက်သွားလိုက် ထိုင်းဘက်သို့ ပစ္စည်းတွေ သွားစစ်ဆေးလိုက်နှင့် ကျွန်တော် ကလေးကို ရှောင်နေမိခဲ့သည်မှာ ၁လနီးပါးရှိခဲ့လေသည်။
မေ့မေ့ပျောက်ပျောက်နေပေမယ့်လည်း ကိုယ်တိုင်က ကိုယ့်ချစ်ရသူလေးရှေ့၌ ဖြစ်ပျက်ကာ အရှက်ကွဲခဲ့သည်က နည်းနည်းနောနောကိစ္စကြီးလည်းမဟုတ်ခဲ့ ။
ဟိုကောင် ဇေခိုက်သော်ကို ပြောပြပြန်ရင်လည်း ဒင်းက အသဲပြဲ ကြီးနဲ့ ဝမ်းခေါင်းခြစ်သံကြီးနဲ့အားရအောင် အော်ရယ်မှာ က အသေ အချာပင် ။ ယိုးဒယားဘက်က လက်နတ်သစ်တွေ စံချိန်မှီမမှီအရည်အသွေးကောင်းမကောင်း သွားစစ်ဆေးနေရသည်မို့ မြန်မာ ဘက်ကို ခြေဦးမလှည့်ခဲ့မိပေ။
အလုပ်တွေများသည့်ကြားက ချစ်ရသူလေး ကိုလည်းလွမ်းလှပါသည်။ အလူပ်တွေ ပြစ်ထား ပြီး ပြေးတွေ့ချင်ပေမယ့် လည်း ကလေးရှေ့ မျက်နှာက လည်း မပြရဲခဲ့ပေ။
"ကလေးကော ငါ့က်ု လွမ်းနေပါ့မလား ..ဟူးးးး..တကယ် စိတ်မောရတယ်ကလေးရယ် ..မင်းလေးကသာ ကိုယ့်အချစ်ကို မြင်အောင်မကြည့်ပေးခဲ့တာ ဒီကကောင်ကြီးကတော့ မင်းလေးရဲ့အနာဂတ်မှာ ပြီးပြည့်စုံအောင်ထားနိုင်ဖို့ အလုပ်တွေ ကြိုးစားနေပြီကလေးရေ"
"မဖြစ်တော့ဘူး ..ဟော့ဒီကောင်ကြီးရဲ့ အနာဂတ်က မင်းလေးရှိမှပြီးပြည့်စုံတော့မှာ"
"လွမ်းတယ်ကလေးရာ"
မဟာသင်္ခမောင်တစ်ယောက် လက်တော့စခရင်မှ တင်ထားသော သျှမ်းလမင်းငယ်လေး၏ ပြုံးရယ်နေသ ည့် ဓာန်ပုံလေး အား ကြည့်ကာ မဟာသင်္ခမောင်တစ်ယောက်တစ်နေ့သာ အမောကို ဖြေဖျောက်နေမိခဲ့လေသည်။
BẠN ĐANG ĐỌC
🏡ကမ္ဘာငယ်လေး🏡(Completed)
Truyện Ngắnခု ရေးမယ့် Ficလေး ကတစ်ခါ မှတော့ မရေးဖူးဘူးပေါ့နော်။ စိတ်ကူးထဲ ပေါ်လာ လို့ ရေးကြည့်လိုက်တာပါ။