Part.2

1.9K 42 2
                                    

၅နှစ်ခန့် ကြာသော်

ဘာလိုလို နှင့် ပင် သျှမ်းလမင်းသော်လေး လူ့လောက သို့ ရောက်လာခဲ့ သည်မှာ ၅နှစ်ပင် ရှိခဲ့ ချေ ပြီ ဖြစ်သည်။ ယခုအသက် အရွယ် နှင့် လည်း ပညာ သင် ကြား မည့် အချိန် သို့ ရောက် ရှိနေ ပြီ ဖြစ်သော ကြောင့် သျှမ်စရတနာ မိသားစု ပိုင် ကိုယ်ပိုင်ကျောင်း ကြီး ၌ သျှမ်း လမင်းသော်လေး KG ပင် တက် နေ ရပြီ ဖြစ်လေသည်။

အမွှာ နှစ်ယောက် ဖြစ်သော  သျှမ်းဟန်မင်းသော်နှင့် သျှမ်းဟန်ဝသာန်သော်သို့ ပင် နဝမတန်း (A)သို့ ရောက်လို့ နေပြီ ဖြစ်လေသည်။ ညီ အကို သုံး ယောက် စလုံး တစ်ကျောင်း ထဲ ၌ ပညာ သင် ကြား နေ ရသည်မို့ ကိုလေးမြင့်မိုရ်သော်က ပင် အကြိုအပို အမြဲ လုပ် ရလေ သည်။ တက္ကသိုလ် ကျောင်းသား ကြီး ဖြစ်သော ကိုလေး မြင့်မိုရ်သော်က ပင် ကျန် ညီ ငယ် သုံး ယောက်အား ဂရုစိုက် ရလေသည်။ မနက် မိုးလင်း  စာသောက် ပြီး သည်နှင့် ကို လေး မြင့် မိုရ်သော်က ပဲ ညီငယ်များ အား ကျောင်းလိုက်ပို့ ရလေသည်။

ကိုကိုကြီး သျှမ်းဇေခိုက်သော် မှာ မိသားစု လုပ်ငန်း များ အား ဦး ဆောင် လုပ် ကိုင် နေရသူ မို့ ငယ်သယ် ရွယ်ရွယ်နှင့် ပင် စီး ပွား ရေး လုပ် ငန်း၌ အောင် မြင်နေ သူ တစ်ယောက် လည်း ဖြစ်လေသည်။ ကိုကိုလေး သျှမ်းသုတမြတ်သော် မှာ ကျောင်းလည်း ပြီး ပြီ ဖြစ် ၍ ကိုကို ကြီး နှင့် လိုက် ကာ လုပ်ငန်း ခွင် သို့ ဝင်ခဲ့ ကာ မိသားစု ပိုင် လုပ် ငန်း များ အား  ဝိုင်းဝန်း လုပ်ကိုင်ခဲ့လေသည်။

ကိုကိုလတ်မှာ ကျောင်း လည်း မပြီး သေး သည် မို့ ကျောင်းတက် ရင်း နှင့် အိမ်၏ အချက် အပြုတ် တာ ဝန် အား ယူ ကာ ညီ အကို အား လုံး အား ချက် ပြုတ်ကျွေးလေသည်။တက္ကသိုလ် ကျောင်း တက်လိုက် အချက်အပြုတ်သင်တန်း တက် လိုက် နှင့် တစ်ဖက် တစ်လမ်း မှ ညီ အကို များ အား ချက် ပြုတ်ကျွေး လေသည်။  သျှမ်း ရတနာ စံ အိမ် ကြီး ၌ အစေခံ လည်း မထား သည်မို့ စံ အိမ်၏ ကိစ္စ အဝဝအား အကြီး ဖြစ်သော ကိုကိုလေး ကိုကိုလတ် ကိုလေး တို့ က ပင်  လုပ်ကိုင်ကြလေသည်။

ညီ အစ်ကို ၇ယောက် စလုံး မှာ လိမ်မှာ ရေး ခြား ရှိ ကြသူ များ ဖြစ် ကြ သဖြင့် အိမ် အလုပ် ကုမ္ပကီ အလုပ် အစ သဖြင့် လုပ်ငန်း များ အား ခွဲ ဝေလုပ်ကို ရာ ၌ တစ်ယောက် မျှ ရေသာ မခို မကပ် တွက် ကြ ပေ။ ကိုကို ကြီး အသက် ပင် ၂၅ နှစ် ရှိ လေပြီ သို့ သော် ကိုကိုကြီး မှာ မိသား စု ထဲ ၌ သူ သာရင် ဖခင် သူ သာလျှင် အကိုကြီး ဖြစ် သည် မို့ မိန်းမ ကိစ္စ စိတ်မဝင်စား ခဲ့ ပေ။ သူ ၏ ဘဝ ၌ သူ၏ ညီ ငယ်များ သာ လျှင် သူ၏ အရာရာ ဖြစ်လေသည်။

🏡ကမ္ဘာငယ်လေး🏡(Completed)Donde viven las historias. Descúbrelo ahora