Uni _Part.26

1.9K 103 2
                                    

🏡ကမ္ဘာငယ်လေး 🏡

Part. 26

"ဟင် ...လူကြီး "

ငယ်လေးတစ်ယောက် သူ့အား ပြုံးပြုံးလေး ဖြင့် အကြင်နာမျက်ဝန်းအပြည့်နှင့်ငုံ့မိုးကာ ကြည့်နေသည့် သူ ကြောင့်အိပ်ချင်နေသည့်စိတ်များပင် ကြက်ပျောက်ငှက်ပျောက်။

မတွေ့ရတဲ့ ဒီငါးလထဲမှ ဒီလူကြီးပိန်သွားသလိုပဲ။ မျက်တွင်းလေးတွေက သိသိသာသာ ချိုင့်နေသရောင်။

"Baby ကိုယ်ချောတာ ကိုယ်သိပါတယ်ကွာအဲ့လိုကြီးကြည့်နေတော့ ရှက်လာပြီနော် ဟွန်း"

ချီးဒီလူကြီးဟာလေ နည်းနည်းမှ အကောင်းတွေးပေးဖို့ မတန်ဘူး။လိပ်ကြီး။ ပြောတာပြောရတယ် ဒီလူကြီးက ပ်ိန်တာ ပိန်သွားတာ အရင်က လို ချောတုန်း ဟွန့် ။

"ဒါနဲ့ ခများ ကြီး ဘယ်က ဘယ်လို အိမ်ထဲ ရောက်နေတာလည်း "

"ကိုယ်လား နင်ဂျာတွေလို သိုင်းကွက်နင်းပြီး ဘယ်သူ မှ မသိအောင် ခြံ ထဲ ခုန်ဝင်လာတာလေး "

"ဂါး ...လူကြီး ခများ ဇာတ်လမ်းတွဲတွေ လျော့ ကြည့်သင့်တဟ်"

"ဘာလည်း ကလေး က ကိုယ့် ကို စိတ်ပူနေတယ်ပေါ့"

"Noပါနော် ..ခများကြီး ဘာသာ ဖြစ် ချင် ရာ ဖြစ် ပေါ့ "

"ဒါနဲ့ ခများ ကြီး ခု ဏ က သား ကို ဘာလုပ်တာလည်း ...လူကို ဘာများ မှတ်နေတာ လည်း ပိုင်စိုးပိုင်နင်းနဲ့ ...တရားထဆွဲ လိုက်ရ"

မဟာသင်္ခမောင်တစ်ယောက် ခရီးက ပြန်ရောက်ရောက်ခြင်း ချစ်သဲ လေးရဲ့ ကတ်ကတ်လန် အပြော များ ကြောင့် ပင်ပန်းနေတာ များ ပင် ပယ်ပျောက်ခဲ့ရလေသည်။

ကြည့်ပါအုန်းခု လည်း ကိုယ်မှာ တော့ ၅လရောက်မတွေ့ ရလို့ အလွမ်းတွေ အတိုးချ ပြီး အိပ်နေသူ ကို ခိုးနမ်းမိပါတယ် တခိုးလူ မိသလို ဖြစ် ပြီး တရားပါထဆွဲ မတဲ့ ။ မဟာသင်္ခမောင် ခပ်အုပ်အုပ်လေး ရယ်မိလိုက်လေသည်။

"ကလေးက ကိုယ့်ကို ဘာအမှုနဲ့ တရားစွဲမှာ လည်း .. စွဲ ချက် ကြီး ကြီးရှိမှာနော် ..အင်း ဒါ မှ မဟုတ် လုံ လောက်တဲ့ အဖြေ ဖြစ်အောင် အခု ထဲ က အပိုင်ကြံ လိုက် ရမလား ဟင်း ဟင်း "

🏡ကမၻာငယ္ေလး🏡(Completed)Место, где живут истории. Откройте их для себя