Uni_Part.6

2.7K 148 13
                                    

မြင့်မိုရ် အပြော ကြောင့် ထို အမျိုးသမီး ကြီး သူ့အရှိုက်အားထိသွား သလို ချက်ချင်း ပင် မျက်နှာ ပျက်သွား ခဲ့ လေသည်။

ဆက်ပြီးပြောနေလျှင် ပြဿနာ ထပ်ဖြစ်တော့ မည် မို့ သျှမ်းဇေခိုက်သော်က ပင် ကြား က ဝင်ထန်း ကာ ပြဿနာ ကို ထိန်း ကာ ညိနှိုင်း ဖြေရှင်း ခဲ့ လိုက်လေသည်။

"ဒီပြဿနာ ကို ဒီလောက်နဲ့ ပဲ ပြီး လိုက် ကြ ရအောင်"

"ကလေးချင်းဖြစ်တဲ့ ကိစ္စမို့ ပြဿနာ ကို အကျယ် မချဲ့ ချင်တော့ဘူး "

"နောက် ဆို ဒီက အစ်မ ကလည်း ကိုယ့် သားသမီး ကို ဆုံး မထားပါ ..ကျွန်တော်တို့ လည်း ကျွန်တော်တို့ ညီလေး ကို သေချာ ဆုံး မထား မှာ ပါ "

ကိုကြီး စကား ကြောင့် ထို အမျိုးသမီး ဘက်က တောင်း ပန်ကာ ပြဿနာ အား ကျေအေးခဲ့ လိုက်လေသည်။

အား လုံး လည်း ငယ်လေး အား သူ၏ အခန်း KG ထဲ သ်ို့ ပြန်ပို့ ပေးလိုက်ခဲ့ လေသည်။

ငယ်လေး က တော့ သူ က ပြော ခံ ထား ရသူ မို့ မကျေနပ် နိုင်ပေ။ သူ့ကို ကလေး ချင်း ဟူသော စကား တစ်ခွန်း နဲ့ သူ မကျေနပ် နိုင် ပေ။

"သား အကျေနပ်ဘူး တိုကြီး "

"အဲ့တောင်ကို ကျောင်းထုပ်ပြစ် ...သားအဲ့တောင် ညက်နာ အကြည့် ချင် ဘူး "

"အဲ့တောင်ကြောင့် တိုကြီးတို့ ပါ ချာမကြီးရုံးထန်း ရောက်ခဲ့ ရတာ ..သား အကျေနပ်နိုက်ဘူး"

"သားကို မေဖေ မရှိတဲ့ တောင်လို့ ကြော တာ အကျေ နပ် ပု ဗျာ "

ငယ်လေး စကား ကျောင်း အကို ၆ယောက် စလုံး မျက်နှာ မကောင်း ဖြစ်မိကြလေသည်။ သူ တို့ ၏ ညီ ငယ်လေး ကို မည်သူ က မျှနိမ့် ချ ပြော ဆို တာ တော့ သူ တို့ လက်မခံ နိုင် ပေ။ သို့သော်လည်း ကလေး တွေ က မသ်လို့ ပြော တာ ဖြစ်မှာ ပါ လေ ဟူ သော အတွေး နှင့် သဘော ထား ကြီး ပေးခဲ့ ခြင်း ပင်။

"တိုကြီး ညန်ညန် မိန်းမ ယူ ပြစ် "

"ဟင် "

ကိုကြီးသျှမ်းဇေခိုက်သော် သူ့လက်ကလေး အား ဆွဲ ကာ ပြော လာ သည့် ငယ်လေး ကြောင့် မျက်လုံး လေး ပြူးသွား ရလေသည်။

🏡ကမၻာငယ္ေလး🏡(Completed)Onde histórias criam vida. Descubra agora