Part - 10 (Z+U)

10.3K 1.5K 116
                                    

🍼 မင်းကိုသတ်မယ် ( Uni )

ချိယွီ ထိတ်လန့်သွားပြီး ၊ သူ့မျက်လုံးတွေက ဟယ်ကျိုးကိုစိုက်ကြည့်နေခဲ့တယ်။

သူ့ရဲ့စိတ်ထဲမှာလည်း ရှုပ်ထွေးမှုတစ်ချို့ရှိနေပြီး သူစိတ်ပြန်လည်လာဖို့ အချိန်တော်တော်​ယူလိုက်ရတယ်။ သူ့နဖူးကိုပွတ်ရင်း ဖြေညှင်းစွာမတ်တပ်ထရပ်လိုက်တယ်။

ဖုန်းထဲမှာတော့ ရှီးယွီရှင်းက သူ့ကို ဘာလို့ဘာစကားမှမပြောတော့တာလဲလို့ မေးနေခဲ့တယ်။

ချိယွီ မျက်တောင်ခတ်ကာပြန်ပြောလိုက်တယ်။ "ငါအခု လုပ်စရာတစ်ခုရှိနေလို့၊ပြီးမှပြန်ခေါ်လိုက်မယ်။ ငါအရင်ချလိုက်ပြီနော် "

"နေအုံး!  မင်းအခုဘယ်မှာလဲ? "

"ကျောင်းမှာ ၊မကြာခင်ငါပြန်ရောက်မယ်" ထို့နောက်၊ချိယွီဖုန်းချလိုက်ကာ သူ့အိတ်ကပ်ထဲကိုပြန်ထည့်လိုက်တယ်။ သူ့ရဲ့အမူအရာတွေကို ထိန်းချုပ်လိုက်ပြီး ဟယ်ကျိုးကိုပေါ့ပေါ့ပါးပါးကြည့်ကာပြောလာတယ်။

"မင်းက ဘာလို့ဒီကိုရောက်နေရတာလဲ?"

ဟယ်ကျိုးက သူ့အိတ်ကပ်ထဲက မှတ်စုတိုလေးကိုထုတ်ကာ ချိယွီရှေ့ ခါ ပြလာတယ်။

ချိယွီက အဲ့ဒါကိုတစ်ချက်လောက်သာကြည့်ပြီး ပြောလိုက်တယ်။
"ငါမြင်တယ်၊ မင်း ဘယ်အချိန်တုန်းကရောက်တာလဲ? ဘယ်လောက်ထိ ကြားသွားသေးလဲ?"

ဟယ်ကျိုးက ချုံပုတ်ရဲ့အရိပ်ကနေထွက်ပြီးလျှောက်လာကာ ပြောလိုက်တယ်။

"အကုန်လုံးဘဲ"

(T/N : အကုန်လုံးကြားလိုက်ပါတယ်တဲ့နော် 🙃ရှင်တို့ အရင်အပိုင်းမှာအရမ်းသိချင်နေကြလို့။)

ချိယွီရဲ့နှုတ်ခမ်းက တင်းတင်းစေ့ပိတ်သွားခဲ့တယ်။

(T/N: pursed lips = ဒေါသထွက် သို့မဟုတ် တွေးတောနေစဥ် နှုတ်ခမ်းသားနှစ်ခုကို တင်းတင်းဖိထားခြင်း)

သူတစ်ခုခုလုပ်သင့်တယ် ဒါမှမဟုတ် တစ်ခုခုပြောသင့်တယ်လို့ ခံစားနေရတယ်။ သူ့ရဲ့စိတ်က ကြီးမားပြီးပေါက်ကွဲထွက်တော့မယ့် အချက်အလက်တွေနဲ့ပြည့်နက်နေခဲ့ပြီး တစ်ခြားအကြောင်းအရာတွေကို တွေးပေးဖို့ ဦးနှောက်အပို မရှိဘူးဖြစ်တယ်။

『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ』COMPLETE in paid gpWhere stories live. Discover now