3🌹

386 64 0
                                    


ဒိုယောင်းဟာ ကိုကို့ အနားမှာ အမြဲ ရှိနေခဲ့တာဟာလည်း သဘောကျလို့ရယ် မဟုတ်ပဲ ကိုကို့အနားမှာ ဒိုယောင်းကလွဲရင် ဘယ်သူမှ ရှိမနေခဲ့လို့သာ ဖြစ်တယ် ။ 

"ရား!! လီထယ်ယုံး မင်းမှာ သူငယ်ချင်း မရှိဘူးလား "

အတန်း မတူတာမို့ ထမင်းစားချိန်မှီအောင် အမောတကော ပြေးလာတဲ့ ဒိုယောင်းက နေ့လည်စာ ထမင်းဗူးကို ထယ်ယုံးရှေ့မှာ အသံမြည်အောင် ချလိုက်ပြီးနောက် အဲ့လို မေးတဲ့အခါ ထယ်ယုံးက ပြုံးပြုံးလေး ပြန်ဖြေတတ်တယ် ။

"ငါ့မှာ .. မင်းပဲ ရှိတာ ဒိုယောင်း "

စကားတတ်တဲ့ ကင်ဒိုယောင်းဟာ ထယ်ယုံး ရဲ့ စကားတစ်ခွန်းဆိုရင် တစ်ခွန်းလောက်နဲ့ ဘာပြန်ပြောရမှန်း မသိအောင် မကြာခဏ ဆွံ့အရတာပဲ ။

" အင်း ..အင်းပါ  တခြား သူငယ်ချင်း မရှိဘူးဆိုလည်း .. နေ့လည်စာတော့ ငါမရှိတဲ့အချိန်မှာ တစ်ယောက်တည်း စားတတ်အောင်လည်း စားပါအုံးလား "

ထယ်ယုံးက ဒိုယောင်းက ဂရုတစိုက်မပြောရင် နေ့လည်စာ ပုံမှန်မစားပဲ နေတတ်တာမို့ ပိုပြီး ပိန် ပိန်လာတဲ့ ထယ်ယုံးကြောင့် ဒိုယောင်းက ထယ်ယုံးရဲ့ နေ့လည်စာအတွက်ပါ တာဝန်ပေးထားခံရတယ် ။ ဒိုယောင်းက ထယ်ယုံးရဲ့ အမေလည်း မဟုတ်ပါပဲနဲ့ ဘာလို့ ထယ်ယုံးအတွက် အလုပ်ရှုပ်ခံ ဂရုစိုက်နေရပါသလဲလို့ မကျေနပ်ပါ ။ ဒါပေမယ့် နေ့လည် ထမင်းစားချိန်တိုင်း ဒိုယောင်း က ထယ်ယုံး ရှိရာနေရာဆီကို တစ်ယောက်တည်း အပြေးအလွှားသွားပြီး ထမင်းအတူတူစားလေ့ရှိတယ် ။ ဒိုယောင်းရဲ့ သူငယ်ချင်းတွေက ဘယ်သွားသလဲ မေးရင် ဘယ်တုန်းကမှ အမှန်အတိုင်း မဖြေခဲ့ပါဘူး ။

"အထွေအထူးရယ် မဟုတ်ဘူး
ထမင်းစားရင် သူများနဲ့ အတူမစားတတ်လို့ "

ဒိုယောင်း ရဲ့ အဲ့ဒီပုံသေ စကားတစ်ခွန်းကြောင့် သူငယ်ချင်းတွေ ဆုံးရှုံးရပေါင်း များနေလည်းပဲ ဒိုယောင်းကတော့ အဲ့ဒီလိုပဲ ပြောတာပဲ ။ တစ်ခါတလေ ကျရင်တော့ ဒိုယောင်းရဲ့ သူငအတန်းဖော်တွေက ဒိုယောင်းကို လိုက်ချောင်းတတ်ပြီး ဒိုယောင်းက ထယ်ယုံးနဲ့ ထမင်းအတူစားနေတာကို မြင်တဲ့အခါ ထယ်ယုံးနဲ့ ခင်မင်ချင်လို့ သူ့ကို ပိုပြီး ချဥ်းကပ်လာကြတတ်တယ်။ မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ဆုတောင်းနဲ့ ပြည့်စုံလာတဲ့ လီထယ်ယုံးက ဒိုယောင်းအတွက်တော့အရှုပ်ထုတ်ပဲ ။

This RoseWhere stories live. Discover now