တိုက်ခန်းတစ်ခန်းရှေ့မှာ အထုပ်အပိုးတစ်ချို့နဲ့ ကောင်လေးတစ်ယောက် ၊ အမျိုးသမီးတစ်ယောက်ဟာ ရပ်စောင့်လျှက်ရှိတယ် ။ အတိအကျ ဆိုလျှင် အဲ့ဒီကောင်လေးက ကင်ဒိုယောင်းဖြစ်ပြီး အမျိုးသမီးကတော့ လီထယ်ယုံး ရဲ့ မိခင်ကိုယ်တိုင်ပါပဲ ။
ဒိုယောင်းက ထယ်ယုံးထက် အမှတ်အများကြီး မြင့်ပေမယ့် ပိုအဆင့်မြင့်တဲ့ တက္ကသိုလ်မဟုတ်ပဲ ထယ်ယုံးရှိနေတဲ့ တက္ကသိုလ်ကိုသာ ရွေးချယ်ခဲ့တာမို့ ထယ်ယုံးနဲ့ တိုက်ခန်းတစ်ခုတည်းမှာပဲ အတူနေခိုင်းဖို့ နှစ်ဖက်မိဘများက ဆုံးဖြတ်လိုက်ကြတာပဲ ဖြစ်တယ် ။ အဲ့ဒါအတွက် ဒိုယောင်းနဲ့ ထယ်ယုံး မေမေက ဒီနေရာမှာ ရှိနေရခြင်းပဲ ဖြစ်ပါတယ် ။
လူခေါ်ဘဲလ်ကို နှိပ်ထားပေမယ့် အခန်းပိုင်ရှင်က ထွက်မလာနိုင်သေး ။ မကြားတာပဲလား ၊ လူပဲ မရှိတာလား မသိနိုင် ။ ဖုန်းခေါ်လိုက်သေးပေမယ့်လည်း ဖုန်းဟာလည်း ကိုင်သူမဲ့ ။
"ထယ်ယုံး ၊
လီ..ထယ်....ယုံး !! "ထယ်ယုံးမေမေရဲ့ အသံကျယ်ကျယ်နဲ့မှပဲ တံခါးက ပွင့်လာတယ် ။ ဆံပင်တွေ စုတ်ဖွားဖြစ်နေတဲ့ ကောင်လေးဟာ မျက်လုံးတွေကို ပွတ်သပ်ပြီးတော့ တဝါးဝါး သန်းနေပြန်သေးတယ် ။
"မေမေ ၊ မလာစဖူး
ဒီလေါက်အစောကြီး ဘာလာလုပ်တာလဲ"ထယ်ယုံးရဲ့ မေမေက ထယ်ယုံးနားရွက်ကို ခပ်သာသာ လိမ်ဆွဲတယ် ။
"မနေ့ညကပဲ ဖုန်းဆက်ထားတယ်လေ
မေ့သွားပြီလား ""အားး ကင်ဒိုယောင်း "
အဲ့ဒီတေါ့မှ အထုပ်အပိုးတွေနဲ့ ဒိုယောင်းကို မြင်သွားတယ် ။ ဒိုယောင်းကတော့ ထယ်ယုံးဟာ သူ့ပေါ်မှာ သိပ်အလေးအနက်ထားတာလည်း မဟုတ်ဘူးလို့ တွေးမိပြီး မဆိုစလောက်လေး ဝမ်းနည်းသွားရတယ် ။ ထယ်ယုံးကတော့ ဘာကိုမှ ပြန်မပြောပဲ တံခါးကိုသာ အလျှင်အမြန် ဆွဲပိတ်သွားတာမို့ ထယ်ယုံးမေမေ နဲ့ ဒိုယောင်းက တံခါးအပြင်ဘက်မှာ နားမလည်နိုင်စွာ ကျန်ရစ်ခဲ့ရပြန်တယ် ။
"တံခါးဖွင့်မပေးပဲ ဘာလုပ်နေပြန်တာလဲ "
ထယ်ယုံးက တံခါးကို ဖွင့်မပေးပဲ အခန်းထဲကနေသာ အလောတကြီး ပြန်အော်လာတယ် ။
YOU ARE READING
This Rose
Fanficပန်းပေးတာဟာ ချစ်ခြင်းမေတ္တာကို ဖော်ပြခြင်းတစ်မျိုးပဲ ကိုကိုသိလား ။ 🌹