8🌹

360 66 12
                                    

ကိုကိုက ဒိုယောင်းကို တွယ်ကပ်နေခဲ့သလား ။ ဒါမှမဟုတ် ဒိုယောင်းကသာ ကိုကို့ကို ပိုလိုအပ်နေခဲ့သလား ဒိုယောင်း ရေရေရာရာ မသိတော့ပါ ။ အဲ့ဒီနေ့ကစပြီးတော့ အရာရာဟာ ဒိုယောင်း ကို စိတ်အနှောင့်အယှက်ပေးလာတယ်။

ကျောင်းပိတ်ရက် ဖြစ်ပေမယ့် ထယ်ယုံးက ခါတိုင်းရက်တွေလို ဒိုယောင်းအိမ်ကို ကူးမလာပဲ သူ့ခြံထဲမှာပဲ အေးအေးလူလူ နေပူစာလှုံရင်း စာအုပ်တစ်အုပ်ကို သည်းကြီးမည်းကြီး ထိုင်ဖတ်နေတယ် ။

"ဒိုယောင်း ..ကိုကိုနဲ့ ရန်ဖြစ်ထားကြတာလား
အရင်ရက်ကလည်း မိုးရေထဲ လျှောက်သွားနေပြီး အခုလည်း ဟိုဘက်အိမ်မှာ ဘယ်သူမှ မရှိတာကို ဒီဘက်ခြံ ကူးမလာဘူးဆိုတော့ ဘာတွေ ဖြစ်ထားကြတာလဲ .. မှန်မှန်ပြောစမ်း .. ဒိုယောင်း .. ကိုကို့ကို အနိုင်ကျင့်ထားသေးလား "

ဒိုယောင်းက ထယ်ယုံးကို ရပ်ကြည့်နေတဲ့ ခြံစည်းရိုးအနားကနေ ဒိုယောင်းရဲ့ မေမေက ခပ်ကြိတ်ကြိတ် မေးလာတဲ့အခါ ဒိုယောင်း စိတ်ရှုပ်တဲ့ အကြည့်တွေနဲ့သာ ပြန်ကြည့်မိပြီး ဘာပြန်ဖြေရမှန်းမသိ ။ အခု အခြေအနေအရဆို ဒိုယောင်းက ကိုကို့ကို အနိုင်ကျင့်ထားတာ တစ်ခုမှ မရှိပဲ ၊ ကိုကိုကသာ ဒိုယောင်းကို အနိုင်ကျင့်နေတာမှလား ။

ထယ်ယုံး နဲ့ ဒိုယောင်းက လူစားလဲခံလိုက်ရသလိုဖြစ်သွားတယ် ။ ထယ်ယုံးက အေးအေးလူလူ စာဖတ်နေပေမယ့် ဒိုယောင်းကတော့ ထယ်ယုံးဆီက အာရုံစိုက်မှုကို ရဖို့အတွက် လှုပ်လှုပ်ရွရွ ဖြစ်နေတယ် ။ တ်ဖက်ခြံထဲ ဝင်သွားရင် တအားများ သိသာသွားမလားလည်း စိုးရိမ်ရသေးတာမို့ ဒိုယောင်းက ဒီဘက် ခြံစည်းရိုးနားကနေ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း သီချင်းပါ ညည်းနေလိုက်သေးပေမယ့် ထယ်ယုံးကတော့ သူ့အကြည့်တွေကို ဒိုယောင်းဘက်ကို ရွှေ့လာတာမျိုး မရှိတဲ့အပြင် ဒိုယောင်းရဲ့ သီချင်းသံကို လစ်လျူရှုဖို့အတွက်ပါ earphone ကို နားနှစ်ဖက်မှာ တပ်ထားလိုက်ပြန်တယ် ။ ကိုကို လစ်လျူရှုထားတဲ့အခါ ဒိုယောင်း မနေတတ်ပါ ။ ဒိုယောင်း မေမေကို ချောင်းကြည့်တော့ အိမ်ထဲ ပြန်ဝင်သွားပြီ ဖြစ်တာမို့ အလှဆုံး နှင်းဆီပန်းတစ်ပွင့်ကို ရှာဖွေရပြန်တယ် ။ အရင်လိုပဲ ကိုကိုဟာ ဒိုယောင်း နှင်းဆီပန်းပေးတဲ့အခါ သဘောကျနေလိမ့်အုံးမလားဆိုတာတော့ ဒိုယောင်း မသေချာပါ ။

This RoseWhere stories live. Discover now