14🌹

360 64 12
                                    

"အာ..လီထယ်ယုံး
ငါ.. စိတ်မရှည်တော့ဘူး"

ထယ်ယုံးတို့ တက္ကသိုလ်ထဲက ခုံတန်းတစ်ခုမှာ ထိုင်စောင့်ရင်း ဒိုယောင်း စိတ်မရှည်လာတော့ဘူး ။ သိပ်အရေးကြီးတာ မဟုတ်ရင် လှည့်ပြန်လိုက်ဖို့ပဲ ။ အရမ်း အရမ်း ကို အရေးကြီးတဲ့ ပစ္စည်းတစ်ခု အိမ်ကနေ ယူပြီး ပို့ပေးပါအုံးလို့ စာပို့ထားခဲ့တာမို့သာ ဒိုယောင်းက ကျောင်းဝတ်စုံတောင် မလဲပဲ ရောက်လာခဲ့တာ။ ထယ်ယုံး က သူရောက်ပြီလို့ ပို့ထားတဲ့ မက်ဆေ့ကို seen ပြပြီး စာပြန်မပို့သေး။ ဒိုယောင်း စိတ်ရှုပ်စွာနဲ့ မတ်တပ် ထရပ်လိုက်ပြီး လူမပြတ်တဲ့ လမ်းတွေပေါ် ဘာရယ်မဟုတ် ကြည့်နေမိတာပဲ ။

တက္ကသိုလ်ကျောင်းသားတွေ အကုန်လုံးက အိမ်မပြန်နိုင်လောက်အောင် အလုပ်ရှုပ်ကြသလား ။ လီထယ်ယုံးကို မတွေ့ရတာ စာသင်နှစ် တစ်ဝက်တောင် ကျိုးလာခဲ့ပြီမို့ ဒိုယောင်း စိတ်ထဲမှာ နည်းနည်းတော့  တွေ့ချင်စိတ် ဖြစ်မိသား ။ တကယ့် နည်းနည်းလေးပါပဲ ။ ဒိုယောင်းအနားမှာ လူရိပ်တစ်ခုကို ဖျတ်ခနဲ မြင်လိုက်ရတဲ့အခါတိုင်း လီထယ်ယုံး ဖြစ်နေမလားလို့ ထ ထ ကြည့်မိတာလောက် ..အင်း အဲ့လောက်ပါပဲ ။

"အာ ..
ငါက ဘာလို့ စိတ်လှုပ်ရှားနေရတာလဲ "

ဒိုယောင်းက စိတ်လှုပ်ရှားနေတာကို ရပ်တန့်ဖို့အတွက် ထရပ်လိုက်တဲ့အခါ လူတစ်ယောက်နဲ့ တိုက်မိတယ် ။

ဘုတ်!!

အ!!

"လီထယ်ယုံး ..
ငါ့ခန္ဓာကိုယ်ထဲက ထွက်သွားစမ်း "

လူတစ်ယောက်လာနေတာကို မမြင်နိုင်ပဲ ဝင်တိုက်မိရလောက်အောင် နမော်နမဲ့ နိုင်တာမျိုးက ကင်ဒိုယောင်းမှ မဟုတ်တာ ။ အနှစ် ၂၀ နီးပါး ကျင့်သားရနေခဲ့တဲ့ လီထယ်ယုံးရဲ့ စိတ်ဝိညာဥ်ပဲ ။ အဲ့ဒါကို တွေးမိလို့ လွှတ်ခနဲ ရေရွတ်မိတော့ သူဝင်တိုက်မိတဲ့ မိန်းကလေးက သူ့ကို တအံ့တဩ ကြည့်လာတယ် ။

"ရှင်"

"အာ .. sorry ပါ
ကျွန်တော် .. လူတစ်ယောက်ကို ရှာနေတာမို့
အလောတကြီး ဖြစ်သွားတယ် ၊ တကယ် မမြင်လိုက်လို့ "

ဒိုယောင်းရှေ့က အမျိုးသမီးလှလှလေးက ဒိုယောင်းကို ရပါတယ် လို့ သိမ်မွေ့စွာ ပြောလာတယ် ။

This RoseWhere stories live. Discover now