15🌹

340 57 13
                                    

"ဒိုယောင်းက ကိုကို့ကို ချစ်နေမိတာပဲ "

အဲ့ဒါကို ရိပ်မိသိသာသွားတဲ့ အချိန်မှာ အဲ့ဒါဟာ တော်တော်လေးကို ရှည်ကြာနေခဲ့တဲ့ အချိန်ကတည်းက ဆိုတာကိုပါ သတိထားမိလိုက်တယ် ။နေသားကျနေခဲ့တဲ့ ဂရုစိုက်ပေးခြင်းတွေမှာ ဒီလို ချစ်ခြင်းမေတ္တာမျိုး က ကွယ်ဝှက်နေခဲ့တယ်ဆိုတာ။

ကိိုယ့်ကိုကိုယ် ဝန်ခံရတာက ဒီလောက်ထိ ခက်ခဲတယ် ဆိုပေမယ့်လည်း အနှစ် ၂၀ နီးပါး နေ့တိုင်းမြင်လာခဲ့ရတဲ့ လူကို ချစ်တယ်ဆိုတာ အဲ့ဒီလူအရှေ့မှာ ဝန်ခံဖို့က အရာအားလုံးထက် ပိုခက်နေတာပဲ ။

ညအိပ်ချိန် ဖြစ်နေပေမယ့် ဒိုယောင်းက ဒိုယောင်း မေမေရဲ့ နှင်းဆီပန်းပင်တွေကို ကြည့်နေမိတယ် ။ ဒီနှင်းဆီပွင့်တွေနဲ့ ကိုကို ဘယ်သူက ပိုလှသလဲဆိုတာ ငယ်ငယ်လေးကတည်းက ဒိုယောင်းမှာ အတွေးများခဲ့ရတာမှလား ။ ဒိုယောင်းရဲ့ အမြင်မှာတော့ ဒီနှင်းဆီတွေမှ မဟုတ်ဘူး ကိုကိုဟာ အရာအားလုံးထက် ပိုလှတာ ။

"ကြည့်စမ်း ဒီနှင်းဆီပန်းပွင့်တွေ ကိုကို့အတွက် မခူးရတာ ကြာတော့ အများကြီးကို ပွင့်နေတော့တာပဲ "

ဒိုယောင်းက နှင်းဆီပွင့်ဖတ်တွေကို လက်ညိုးနဲ့ တောက် လိုက်ရင်း ချစ်စနိုးလေး ရေရွတ်မိတယ် ။ ညရဲ့ အလင်းရောင်အောင်မှာ ပန်းပွင့်ဖတ်တွေကို ဖဲ့စားဖို့ ရောက်လာတဲ့ ပိုးကောင် တစ်ကောင်ကို မြင်တဲ့အခါမှာတော့ ဒိုယောင်း လက်နဲ့ ခပ်ကြမ်းကြမ်း ဖယ်လိုက်ရပြန်တယ် ။ ပြီးတော့မှ စိတ်အေးလက်အေး သက်ပြင်းချလိုက်နိုင်တယ် ။

"တော်သေးတာပေါ့ ၊ ငါမြင်လိုက်နိုင်လို့"

တော်သေးတာပေါ့ ဆိုတဲ့ စကားလုံးရဲ့ နောက်မှာ နောက်ထပ် တစ်ခုကိုပါ ဒိုယောင်း တွဲမြင်မိသွားတယ် ။

ကိုကို့အနားမှာ ကပ်နေတဲ့ ပိုးကောင်လေးတွေ ။

//ကိုကို့ဒိုယောင်းလေး ၊ တက္ကသိုလ် မြန်မြန်လာခဲ့နော် //

"အားး မဖြစ်တော့ဘူး ၊
ငါ စာသွားကျက်မှ ဖြစ်တော့မယ် "

အဲ့ဒီအချိန်မှာပဲ ဇာတ်လမ်းတွဲကြည့်ပြီး ငိုနေတာရပ်ဖို့ အိမ်ပြင်ခဏ ထွက်လာတဲ့ ဒိုယောင်းမေမေက ဒိုယောင်းကို မြင်သွားတယ်။

This RoseWhere stories live. Discover now