17🌹

380 56 15
                                    

ဒိုယောင်းရဲ့ တက္ကသိုလ်ကျောင်းသားဘဝမှာ ပထမဆုံးရလာတဲ့ သူငယ်ချင်းလေးက ဒိုယောင်းကို ပြောပြလာတယ် ။

"အချစ်ဦး နဲ့ ဘယ်တော့မှ ရည်းစားဖြစ်ဖို့ မကြိုးစားနဲ့ " တဲ့ ။

မေးလည်း မမေးပါပဲ ဒီလိုစကားမျိုးကို ပြောပြနေတဲ့အထိ ထူးဆန်းတဲ့လူပဲ ။ ဒိုယောင်းထက် ငယ်ရွယ်ပုံရပြီး ဒိုယောင်းကို hyung ဆိုပြီးလည်း ခေါ်တတ်ပေမယ့် ဒိုယောင်းနဲ့ အတန်းအတူတူ လာတက်နေတာနဲ့တင် ထူးဆန်းတဲ့သူ ဖြစ်နေပြီးသားကို စတွေ့ကတည်းက ဒိုယောင်းကို ထူးဆန်းတဲ့စကားတွေကို မထပ်အောင် ပြောနိုင်တဲ့အထိ ထူးဆန်းတဲ့ကောင်လေးပဲ ။

"စဥ်းစားကြည့်နော် .. hyung
သူက ကျွန်တော့်အချစ်ဦး ဖြစ်နေတဲ့အချိန်တုန်းက သူ့ကို ချစ်နေရတဲ့အတွက် အရမ်းပျော်ခဲ့ရတာ ၊သူကလည်း ကျွန်တော့်ကို သဘောကျသလိုလိုပဲလို့ ခံစားမိလာတော့ ဖွင့်ပြောလိုက်ရော အဲ့ဒီမှာ ဘာဖြစ်သွားတယ် ထင်လဲ "

ကင်ဂျောင်ဝူး က အဲ့လိုမျိုး နည်းနည်းထူးဆန်းတဲ့ကောင်လေး ဆိုပေမယ့် အဲ့ဒီစကါးကိုတော့ တကယ် မျက်နှာငယ်လေးနဲ့ ပြောပြနေရှာတာမို့ စိဆ်ရင်းလေးကိုတောင် ခံစားမိတဲ့အတွက် ဒိုယောင်းက သူ့မျက်နှာအမူအရာနဲ့ပဲ ဖြစ်ဖြစ် နှစ်သိမ့်ပေးဖို့ ကြိုးစားမိတယ် ။

"ဘာဖြစ်သွားလို့လဲ"

"ကျွန်တော်တို့ အတွဲ ဖြစ်သွားတာပေါ့"

ဂျောင်ဝူးနဲ့အတူ လိုက်ပါခံစားပေးနေမိတဲ့ ကင်ဒိုယောင်းရဲ့ မျက်နှာငယ်လေးဟာ ချက်ချင်းပဲ ပုံစံပြောင်းသွားတယ် ။

"ကင်ဂျောင်ဝူး .. မင်းကိုယ်မင်းရောသိလား
မင်းက နည်းနည်း ထူးဆန်းတယ်ဆိုတာလေ"

"Hyung .ကျွန်တော့်ကို အားနာလို့ နည်းနည်း ထူးဆန်းတယ်လို့ ပြောနေတာမှလား .. ရပါတယ် မျိုးရိုးပါတူတဲ့ ညီအစ်ကိုတွေပဲ အများကြီး ထူးဆန်းတယ်ပြောလည်း ကျွန်တေယ်က ဘာမှ မဖြစ်ပါဘူး "

ကင်ဒိုယောင်း ရဲ့ တစ်ခုခု ပြောချင်စိတ်ဟာ အဲ့ဒီနေရာမှာတင် ကုန်ဆုံးသွားတာပဲ ။ Project တစ်ခု အတူတူလုပ်ဖို့အတွက်သာ အတူတူရှိနေရတာ ထူးဆန်းတဲ့လူဆို လီထယ်ယုံး တစ်ယောက်နဲ့တင် ငြီးငွေ့စရာ ကောင်းလွန်းလှပြီ ။

This RoseWhere stories live. Discover now