6🌹

360 59 3
                                    

အဲ့ဒီနေ့မှာ မိုးရွာတယ် ။ထယ်ယုံးဟာ ထီးယူလာဖို့ မေ့နေခဲ့ပြန်ပါတယ် ။ ကျောင်းပေါက်ဝကို ရောက်ခါနီးလေးမှာ ထီးတစ်ချောင်းနဲ့ ရပ်စောင့်နေတဲ့ ဒိုယောင်းကို မြင်တော့ ဝမ်းသာအားရ ဖြစ်သွားတဲ့ ထယ်ယုံးရဲ့ စိတ်ဟာ ကျောင်းခေါင်မိုးထပ်ပေါ်မှာ ကြားခဲ့ရတဲ့ စကားတစ်ခွန်းကြောင့် အရှိန်သတ်သွားတယ် ။ အဲ့ဒီအစား မနှစ်မြို့တဲ့စိတ်ဟာ အစားဝင်ရောက်လာတယ် ။

"ကင်ဒိုယောင်း !! တာဝန်အရ လုပ်နေပြန်ပြီ"

ဘယ်အချိန်ထိ ဆက်ပြီးစောင့်နေမလဲလို့ ကျောင်းတံခါးအကွယ်ကနေ ရပ်စောင့်ကြည့်နေတော့ ဒိုယောင်းက နေရာကနေ ခြေတစ်လှမ်းတောက် ရွှေ့မလာပဲ တရွေ့ရွေ့ ကုန်သွားတဲ့ လူတွေကြားထဲ မျှော်ပြီးရင်း မျှော်နေတာကို မြင်ရတဲ့အခါ ထယ်ယုံး ရဲ့ မနှစ်မြို့သလို ခံစားရတဲ့ စိတ်လေးဟာ လျော့ပါးလာတယ် ။ ဒိုယောင်းက အပြောအဆို မတတ်တဲ့ကောင်လေး ဖြစ်နေတာကလွဲပြီး ထယ်ယုံးကို ဂရုစိုက်ပေးခြင်းတွေဟာ အမြဲ စိတ်ရင်းမှန်တွေ ဖြစ်ကြောင်း သိသာနေရဲ့သားနဲ့ အဲ့ဒီလို စကားလေးကြောင့် ဒိုယောင်းကို နာကျည်းရမတဲ့လား လို့ ထယ်ယုံး က သူ့ဘာသာ အပြစ်တင်လိုက်ရင်း ဒိုယောင်းဆီကို ပျော်ရွှင်စွာ ပြေးသွားလိုက်ဖို့ ခြေလှမ်းတွေ မရွှေ့ရသေးခင်မှာပဲ ဒိုယောင်း မျှော်နေတဲ့ လူအုပ်ထဲက Johnny ဆိုတဲ့ ကောင်လေး ပေါ်လာပြီးနောက် ဒိုယောင်းရဲ့ ပုခုံးကို လှမ်းဖက်လိုက်တာကို ထယ်ယုံး မြင်လိုက်ရတယ် ။

"သူတို့ အဲ့လောက်အထိ ရင်းနှီးလို့လား"

ဒိုယောင်းက Johnny ကို သဘောမကျဖြစ်နေကြောင်း သိထားခဲ့ပေမယ့် ထယ်ယုံး မြင်နေရတဲ့ အခြေအနေက ပြောင်းပြန် ဖြစ်နေပြန်တယ် ။

ဒိုယောင်းက Johnny ရဲ့ လက်တွေကို တွန်းဖယ်လိုက်တာမျိုးလို့ ထင်ရပေမယ့်လည်း ခပ်လှမ်းလှမ်းက မြင်ရတဲ့ မြင်ကွင်းမို့ အဲ့လို မဟုတ်တာလည်း ဖြစ်နိုင်တယ် ။ ပြီးတော့ Johnny က ဒိုယောင်းရဲ့ မျက်နှာအနားထိကို ကပ်ပြီးတော့ တစ်ခုခုပြောလိုက်ပုံလည်း ရရဲ့ ။

အဲ့ဒီနေါက် ဒိုယောင်းက သူ့ကို မစောင့်တော့ပဲ ထီးကိုဖွင့်ပြီး မိုးရေထဲ ထွက်သွားခဲ့တယ် ။ Johnny က ဒိုယောင်းရဲ့ ထီးကို ဆတ်ခနဲ ဆွဲလုပြီးနောက် နှစ်ယောက်အတူတူဆောင်းပြီးတော့ ။ သူ့ကို စောင့်နေတာမျိုး မဟုတ်တာလည်း ဖြစ်နိုင်တယ်လို့ တွေးမိတော့ ထယ်ယုံးရဲ့ လက်ထဲမှာ ကိုင်ထားဆဲ ဖြစ်တဲ့ ဘောပင်တစ်ချောင်းဟာ ဆတ်ခနဲ နှစ်ပိုင်းကျိုးသွားတယ် ။

This RoseWhere stories live. Discover now