18🌹

365 57 15
                                    


ထယ်ယုံး တက္ကသိုလ်ကို ရောက်ကာစက မအူမလည်နဲ့ ကလပ်တစ်ခုထဲ ဆွဲခေါ်ထည့်ခံရပြီးမှ ရုပ်ရည်က ကွက်တိ ဖြစ်နေတာကြောင့် မော်ဒယ်အဖြစ် pose ပေးခိုင်းကြရာက မယောင်မလည် မော်ဒယ်တစ်ယောက် ဖြစ်လာခဲ့ပြီး အခုတော့ professional အထိ တိုးဝင်စပြုနေမိတဲ့အထိ သဘောကျလာခဲ့ပြီ ။ 

ထယ်ယုံး ဘဝမှာ သဘောအကျဆုံးအရာ နှစ်ခုရှိတယ်ဆိုရင် ပထမက ကင်ဒိုယောင်း ပြီး ဒုတိယတစ်ခုက မော်ဒယ်တစ်ယောက် ဖြစ်လာရတာပဲ ။

သဘောကျတဲ့အရာတွေအတွက် ထိုက်သင့်တဲ့ ပေးဆပ်မှုမျိုးတွေတော့ ရှိပေမယ့် တစ်ချို့ဟာတွေကျ တစ်ခါတရံမှာ သူနဲ့ ထိုက်သင့်တာမျိုးရော ဟုတ်ရဲ့လားလို့ ထင်မြင်မိရပြန်တယ် ။

ပျော်တာပဲဖြစ်ဖြစ် ၊ပင်ပန်းနေတာပဲ ဖြစ်ဖြစ် ထယ်ယုံး ပြုံးကိုပြုံးပြရမယ့်လူတွေ အရှေ့မှာ ပြုံးပြနေရတာများ အစပိုင်းမှာ မျက်နှာတွေတောင် ညောင်းညာနေတယ်လို့ ခံစားရတဲ့အထိပဲ ။ နောက်တော့ လူတိုင်းနဲ့ အလိုက်သင့်လေး ပြောဆိုဆက်ဆံတတ်လာ ၊ ပြုံးပြရတာ ၊ အီစီကလီ ​စကားလုံးတွေဟာ အလိုက်သင့်လေး ထွက်လာတတ်တာမျိုးတွေက သူနဲ့ နေသားကျလာတာ ။ အဲ့ဒါတွေက လက်တွေ့ဘဝမှာ အကျိုးမရှိတာမျိုးတော့ မဟုတ်ဘူးပေါ့ ။

ဥပမာ - အီစီကလီ စကားလုံးတွေကို သုံးနှုန်းတတ်လာတာကြောင့် ကင်ဒိုယောင်းကို flirt ဖို့အတွက် လွယ်ကူလာတာမျိုးပေါ့ ။ ကျန်တာတွေကတော့ သူ့အလုပ်မှာ ပိုလွယ်ကူလာရုံကလွဲပြီး သူ့အတွက် စိတ်ရှုပ်စရာတွေ ။

"လီထယ်ယုံး .. တစ်ခွက်လောက် ငှဲ့ပေးလိုက်လေ "

အလုပ်တစ်ခုပြီးဆုံးပြီးနောက် ညစာအတူစားကြတိုင်း အရက်ငှဲ့ပေးရတာက ထယ်ယုံးရဲ့ အလုပ်လို ဖြစ်လာတယ် ။ ပြုံးရွှင်ပြီး ရယ်မောနေတတ်တဲ့ ထယ်ယုံးကို သူတို့ရဲ့ လာဘ်ကောင်လေးလို သဘောထားကြတာ ဖြစ်မယ် ။

"ဒီမမနဲ့ Love shot သောက်ရအောင်လေ"

သူ့ကိုယ်သူ မမလို့သုံးနှုန်းလိုက်တဲ့ အမျိုးသမီးကြီးဟာ ထယ်ယုံးရဲ့ တင်ပါးကို ထိတွေ့ရင်း ဆိုတဲ့အခါ ထယ်ယုံးရဲ့ ပျက်ယွင်းသွားတဲ့ မျက်နှာ အမူအယာကို ဘယ်သူမှ ဂရုမစိုက်ကြဘူး ။

This RoseWhere stories live. Discover now