7🌹

362 62 7
                                    


ကိုကို့ဆီမှာ ကိုကိုမဟုတ်တဲ့ တခြားတစ်စုံတစ်ယောက် ရဲ့ စိတ်ဝိညာဥ် ပူးကပ်နေတယ်လို့ ထင်ရလောက်အောင် အဲ့ဒီနေ့ကစပြီး ကိုကိုဟာ တခြားလူတစ်ယောက်လို ပြောင်းလဲသွားခဲ့တယ် ။

အဲ့ဒီနေ့က ကိုကို့ကို မစောင့်မိပဲ ပြန်လာခဲ့လို့ ဒိုယောင်း မေမေ့ဆီက ဘယ်လောက်တောင်မှ ဆူပူကြိမ်းမောင်းခံလိုက်ရပါသလဲ ။ အဲ့ဒါတွေကိုတောင် အာရုံမစိုက်နိုင်လောက်အောင် ဒိုယောင်းက ကိုကို့ကို ဘယ်လောက်တောင်မှ စိတ်ပူခဲ့ရပါသလဲ ။ ဒိုယောင်းတို့ ကျောင်းက အိမ်နဲ့ နီးနီးလေး ရှိပေမယ့် ကိုကိုက ပြန်ရောက်မလာခဲ့လို့ ဒိုယောင်းဟာ ကိုကို့ကို ဘယ်လောက်တောင်မှ ရှာဖွေလိုက်ရပါသလဲ ။
နောက်ဆုံး ဘတ်စ်ကားမှတ်တိုင်မှာ မူးလဲကျသွားတဲ့ ကိုကို့ကို မြင်တဲ့အခါ ဒိုယောင်းရဲ့ အမြင်အာရုံတွေပါ ထပ်တူ မှောင်မိုက်ကျသွားရတာမျိုးကို ဘယ်လိုရှင်းပြရပါ့မလဲ ။ 

နူးညံ့ပြီး ထိခိုက်လွယ်လွန်းတဲ့ကိုကို့ ကို ဒိုယောင်း ဘယ်လိုစိတ်မျိုးနဲ့ အနားကနေ ပစ်ခွါသွားနိုင်ပါ့မလဲ ။

မိုးချုပ်မှ အိမ်ပြန်ရောက်လာတတ်ကြတဲ့ ကိုကို့မိဘတွေရော ၊ ဒိုယောင်းမိဘတွေပါ အရေးပေါ်ခန်းဆီ စိုးရိမ်တကြီး ရောက်လာကြတဲ့အထိ ဒိုယောင်းက ကိုကို့ လက်ဖဝါးတွေကို ဆုပ်ကိုင်ထားဆဲပဲ။လက်ဖဝါးတွေဟာ နွေးထွေးနေဆဲ ဖြစ်နေမှ ကိုကို ပြန်လည် နိုးထမလာသေးတာကို ဒိုယောင်း စိတ်ချလက်ချ ရှိရမှာမို့ပင် ။

"ကိုကို"

ဒိုယောင်းရဲ့ ကိုကိုမှာ ဘာတွေများ ပင်ပန်းစရာ ရှိနေခဲ့ပါသလဲ ။ ကိုကိုဟာ ဒိုယောင်းကိုတောင် မပြောပြနိုင်လောက်အောင် ဘာတွေကိုများထမ်းပိုးပြီး ထွက်ပြေးဖို့ ကြိုးစားနေခဲ့ရပါသလဲ။ အခုတော့ ကိုကိုဟာ ပင်ပန်းတဲ့ဒဏ်မခံနိုင်လို့ လဲကျရပြီ။ ဒိုယောင်း က ကိုကို့အနားမှာ မရှိရင် မရှိသလို အချိန်ခဏလေးအတွင်းမှာ ဒီလို လဲကျရလောက်တဲ့အထိ ကိုကိုကလည်း ထိခိုက်လွယ်လွန်းလှရဲ့။

အဲ့ဒီအချိန်မှာ ထယ်ယုံးသာ ပြန်မနိုးထလာခဲ့သေးလျှင် ဒိုယောင်းဟာ သူ့ရဲ့ မေးခွန်းပေါင်းများစွာ ၊ အတွေးပေါင်းများစွာနဲ့ ယောက်ယက်ခပ်ပြီး ရူးသွားတော့မလိုတောင်ဖြစ်နေတယ် ။

This RoseWhere stories live. Discover now