4🌹

388 64 5
                                    


ဒိုယောင်းက ဦးနှောက်ကို အသုံးပြုရတဲ့ နေရာတွေမှာ ဥာဏ်ကောင်းလွန်းတဲ့ ကောင်ကလေးပဲ ။ ဒါပေမယ့် ခန္ဓာကိုယ်ကို အသုံးပြုရတဲ့ နေရာတွေမှာတော့ တော်လှတယ်ရယ်တော့ မဟုတ်ဘူး ။ ဒါပေမယ့် သူ့ကိုကို အရှေ့မှာတော့ တော်တတ်ချင်ဟန်ဆောင်တတ်တယ် ။ အဲ့ဒါက ချစ်စရာလေးပဲ။

သာမာန် ယှဥ်ပြိုင်မှုတစ်ခုသာ ဖြစ်နေလည်း ဒိုယောင်းက ကိုကို့ရှေ့မှာတော့ အတော်ဆုံး ကောင်လေးတစ်ယောက်ပဲ ဖြစ်ချင်တာက သိသိသာသာ။

Johnny က သူ့ရှေ့က ကောင်လေးကို ကြည့်ပြီး ခပ်ဟဟ တစ်ချက်ရယ်တော့ ကောင်လေးက သူ့ကို ဘု ကြည့် ကြည့်လာပြန်တယ် ။ အိုး .. ချစ်စရာလေးပဲ ။ Johnny ဒီကောင်လေးကို မြင်တိုင်း ချစ်စရာလေးပဲဆိုတာ ဘယ်နှစ်ခေါက် ရေရွတ်မိမှန်းမသိလောက်အောင်ကို ချစ်စရာလေးပဲ ။ Johnny နဲ့ အတန်းတူတဲ့ ထယ်ယုံးဆီကို နေ့လည်စာ ထမင်းဗူးနဲ့ အပြေးလေး ရောက်ရောက်လာတတ်တဲ့ ကောင်လေးက ချစ်စရာကောင်းလွန်းနေတာနဲ့ပဲ Johnny က ထယ်ယုံး ကို အကြောင်းပြုပြီး ကောင်လေး အရှေ့ရောက်ဖို့ ကြိုးစားခဲ့တာပင် ။ မဟုတ်ရင် ကောင်လေးက ထယ်ယုံးကလွဲရင် တစ်လောကလုံးမှာ ဘယ်သူ့ကိုမှ မြင်နေပုံမရဘူးလေ။

Johnny တို့ အတန်းနဲ့ ကောင်လေးတို့ အတန်းရဲ့ ကျောင်းတွင်း Basketball ပြိုင်ပွဲရဲ့ အစပိုင်းမှာ Johnny တို့ အတန်းက အပြတ်အသတ် ရှုံးနိမ့်ထားပေမယ့် ခြေထောက်နာသွားတဲ့ ကစားသမားတစ်ယောက်အစား လူစားလဲပြီး ဝင်လာတဲ့ ကောင်လေးကို မြင်တော့ Johnny နိုင်ကိုနိုင်မှဖြစ်မယ်လို့ တွေးလိုက်မိတယ် ။ရှုံးနိမ့်သွားတဲ့အခါ မြင်ရမယ့် ကောင်လေးရဲ့ မျက်နှာအမူအယာဟာ ဘယ်လိုပုံစံလေးများ ချစ်စရာကောင်းနေလိမ့်မလဲဆိုတာက Johnny အတွက် စိတ်လှုပ်ရှားစရာအတိပဲ ။

"ဟေ့ .. ထယ်ယုံးညီလေး
အခုကတည်းက အရှုံးပေးလိုက်တာ ပိုမကောင်းဘူးလား "

"ခင်ဗျားသာ ကောင်းကောင်းလုပ်စမ်းပါ"

ကောင်လေးက ခပ်စွာစွာ စကားတစ်ခွန်းနဲ့ တုံ့ပြန်လာတယ် ။ ထပ်ပြီးတော့ ချစ်စရာလေးပဲ ။ ဒိုင်လူကြီးဆီက အချက်ပြလိုက်တော့ ကောင်လေးဟာ ပွဲကြည့်စင်ပေါ်ကို တစ်ချက်လှမ်းကြည့်လိုက်တာကို မြင်ရတယ် ။ Johnny လိုက်ကြည့်မိတော့ ကောင်လေးရဲ့ အကြည့်တွေရဲ့ အဆုံးသတ်မှာ ထယ်ယုံး ရှိနေခဲ့ပြန်တယ် ။ ဘာကိုမှ ဂရူစိုက်တတ်ပုံမရတဲ့ ဒီကောင်လေးဟာ ထယ်ယုံး ကိုတော့ သိပ်ဂရုစိုက်တာ တစ်လောကလုံးကို ဖော်ပြနေသလိုပဲ မဟုတ်လား ။ ကောင်လေးရဲ့ အကြည့်တွေဟာ သူ့ဆီ ရောက်လာဖို့အတွက် ညှာတာပြီး ကစားနေလို့ မဖြစ်ဘူးဆိုတာ Johnny သဘောပေါက်လိုက်တယ် ။

This RoseWhere stories live. Discover now