20🌹

462 55 8
                                    

ကိုကိုက ချစ်တယ်လို့ တစ်ခွန်း ပြောလာရင် ဒိုယောင်းက ပိုလို့ချစ်တယ်လို့ အကြိမ်တစ်ထောင်မက ပြန်ပြောလိုက်ဖို့ အဆင်သင့်ပဲ ။ တစ်ခုပဲ .. သူ့ဘက်စပြီး ဘယ်လိုဝန်ခံရမလဲဆိုတာ မတွေးတတ်တာပဲ ။ ဖွင့်ပြောမယ် ကြံစည်လိုက်တိုင်း တစ်ခုမဟုတ် တစ်ခုဟာ ဒိုယောင်းကို တွေဝေစေတယ် ။

လီထယ်ယုံးကလည်း မလိုအပ်တဲ့နေရာမှာတော့ သိပ်ကို စကားတည်လွန်းတဲ့ ကိုကိုပါပဲ ။ ဆေးရုံမှာတုန်းက ပြောခဲ့ဖူးသလို ဒိုယောင်းကို ချစ်သလားလို့ ဘယ်တော့မှ မမေးတော့ဘူး ။ မေးလာခဲ့ရင်ရော .. ဒိုယောင်းက ထပ်ပြီး ငြင်းနေတော့မတဲ့လား ။

နောင်တတွေလည်း ရနေခဲ့ပြီ ။ လီထယ်ယုံးက သူ့အနားမှာ ကပ်တွယ်လွန်းမက ကပ်တွယ်နေခဲ့တုန်းကတော့ စိတ်ရှုပ်သလို ဖြစ်နေခဲ့ရင်း အခုများကျတော့ ထယ်ယုံးနောက် တကောက်ကောက် ပြန်လိုက်ပြီး ကပ်တွယ်နေရတာက ဒိုယောင်း ကိုယ်တိုင် ဖြစ်လာခဲ့ပြီ ။ မမြင်ပဲ မနေနိုင်တော့တဲ့အထိကို  ထယ်ယုံးဆီက ပညာပြခံနေရသလိုပဲ ။

အိမ်မှာ ၊ ဒါမှမဟုတ် ဒိုယောင်း လိုက် လိုက်သွားတတ်တဲ့ ထယ်ယုံး အလုပ်မှာ နေ့တိုင်း မြင်တွေ့နေရတာတောင်မှ ဒိုယောင်းတို့မေဂျာရဲ့ လူသစ်တွေရဲ့ ကြိုဆိုပွဲအနေနဲ့ Camping trip မှာ Tent ထိုးနေတဲ့ ထယ်ယုံးရဲ့ လှုပ်ရှားမှုအသေးစိတ်ကအစ လိုက်ကြည့်နေမိတုန်းပဲ ။ စီနီယာ ဆိုပေမယ့်လည်း မေဂျာမတူတာကို ဘယ်လိုများ ရအောင် လိုက်လာခဲ့တယ် မသိ။ ဒိုယောင်းအနားမှာ ကပ်တွယ်တတ်တဲ့ ထယ်ယုံးကို ပြန်မြင်လိုက်ရတဲ့အတွက် ဒိုယောင်း ပြုံးနေရာက အရှိန်လွန်ပြီး အသံထွက်တဲ့ထိ ရယ်မိသွားတယ် ။

"အများကြီးကို သဘောကျနေတာပဲ"

"အင်း"

"ဟော !! မငြင်းတော့ဘူးပဲ"

ဒိုယောင်းရဲ့ မျက်နှာအမူအယာ ၊ ဒါမှမဟုတ် အပြုအမူတိုင်းက သူ ဖုံးကွယ်ထားနိုင်တော့တဲ့ အခြေအနေတစ်ခုမှာ ဟုတ်မနေတော့ဘူးလေ။ ဒီလူကို ဒိုယောင်းက အများကြီး သဘောကျတာ တစ်လောကလုံး ဘယ်သူ့အပေါ်မှာမှ ကွယ်ဝှက်ထားချင်စိတ်က ရှိမနေတော့။

"အခြေအနေတွေက အရမ်းကောင်းနေတာပဲ
ဖွင့်ပြောလိုက်တော့လေ ၊ ဘာတွေခက်နေတာလဲ "

This RoseWhere stories live. Discover now