Warning ❗️❗️
role sst ဖြစ်တတ်ရင် မဖတ်ပါနဲ့နော် ။ Sequel မှာ ပါလာမှာက သူတို့ ချစ်သူတွေဖြစ်ကြပြီး နောက်ပိုင်းဆိုတော့ age limited စကားလုံးတချို့လည်း ပါတာမို့ အဲ့ဒါလည်း sst ဖြစ်ရင် မဖတ်ပါနဲ့လို့ ကြိုပြီး သတိပေးထားပါရစေ ။
Sequel 1 🌹
...........
အိပ်ယာက နိုးလာလာချင်းမှာတင် ခေါင်းထဲ အုံခဲနေတာကြောင့် ဒိုယောင်း ရဲ့ အတွေးထဲ ပထမဆုံး အသိတရားဝင်လာတာက နောက်ထပ် ဘယ်တော့မှ အရက်မသောက်တော့ဖို့ပဲ ဖြစ်တယ် ။
"ကိုကို့ဒိုယောင်းလေး နိုးလာပြီလား
အမူးပျောက်ဆေး ဝယ်လာတယ် သောက်လိုက်အုံး "ကိုကို့ကို မြင်တဲ့အချိန်မှာ ထပ်ပြီး ဝင်ရောက်လာတဲ့ မှတ်ဥာဏ်တွေ ။ ပြီးတော့ ပုခုံးပေါ်က တစ်စုံတရာရဲ့ ကိုက်ခဲခံထားရဟန်ရှိတဲ့အနည်းငယ်သော နာကျင်နေမှုတို့ကြောင့် ခပ်တိုးတိုး ကျိန်ဆဲလိုက်တယ် ။
"လီထယ်ယုံး .. လူဆိုးကောင် "
မသာမယာ မျက်နှာပေးနဲ့ပဲ ထယ်ယုံးပေးလာတဲ့ အမူးပျောက်ဆေးရည်ကို ယူသောက်ပြီးနောက် ပြင်ဆင်ပေးထားဟန်ရှိတဲ့ မနက်စာကို ထိုင်စားနေလိုက်တယ် ။ ထယ်ယုံးက ဒိုယောင်းကိုပဲ ပြုံးပြီးကြည့်နေတယ် ။ ပြီးတော့ ခပ်လျော့လျော့ တီရှပ်ကြောင့် ပေါ်နေတဲ့ ဒိုယောင်းရဲ့ ညှပ်ရိုးတွေဆီက အကြည့်မခွါတာကြောင့် ဒိုယောင်းက အင်္ကျီကို ပြန်ဆွဲတင်လိုက်တယ် ။
"ကိုကို .. ဒီနေ့ ဘာ schedule မှ မရှိဘူးလား "
"အင်း .. အကုန်ဖျက်ထားတယ်
ဒီနေ့တော့ ကိုကို့ဒိုယောင်းလေး အများကြီး ပင်ပန်းထားတာမို့လေ ၊ ဘယ်လိုလဲ .. ညက "ထယ်ယုံးက ပြုံးစစမျက်နှာပေးနဲ့ ဆက်တိုက်ပြောနေတဲ့အခါ ဒိုယောင်းရဲ့ မျက်နှာက ပူသထက် ပူလာပြီး စွပ်ပြုတ်ပန်းကန်နဲ့ ကပ်တော့မယ့်အထိ ငုံ့ထားလိုက်တော့တယ် ။
"ဒါက ငါ့အပြစ်မဟုတ်ဘူးနော်
ဒိုယောင်းကိုယ်တိုင်က .. ကိုကို .. ဆိုပြီးတော့လေ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ .. ငါ့ကို ... ""အားးး တော်တော့ !! အခွင့်အရေးယူတတ်တဲ့ကောင် !! ငါ နောက်ထပ် ဘယ်တော့မှ အရက်မသောက်တော့ဘူး "
YOU ARE READING
This Rose
Fanfictionပန်းပေးတာဟာ ချစ်ခြင်းမေတ္တာကို ဖော်ပြခြင်းတစ်မျိုးပဲ ကိုကိုသိလား ။ 🌹