ယာဥ်ကို အရာရှိဝမ်ကိုယ်တိုင်ပဲ့ကိုင်ကြည့်နေပေမဲ့ ထူးခြားချက်ရှိမလာ ။
"အောက်ဆီဂျင်ကဘယ်လောက်ခံနိုင်လဲ "
"နှစ်နာရီပါ "
"ပင်မယာဥ်ကိုဆက်သွယ်လိုက်ကြည့် "
"ရော်ဂျာ အရေးအပေါ်အခြေအနေပါ ၊ ထိန်းချုပ်စက်ကအလုပ်လုပ်နိုင်သေးလားအကြောင်းပြန်ပါ "
ယာဥ်တစ်ခုလုံးတိတ်ဆိတ်နေကာ တဝ်ဖက်ကအကြောင်းပြန်လာမည့်အသံကိုနားစွင့်နေကြတယ်။ မိနစ်အချို့ကုန်ဆုံးသွားပြီးနောက် ဆက်သွယ်ရေးပိုင်းက တာဝန်ခံကခေါင်းခါပြလာတယ် ။
"ဆက်သွယ်ရေးကွန်ယက်လုံးဝပြတ်တောက်သွားပြီ "
ထိုစကားက သေမင်းတံခါးဝကိုနောက်တစ်ထစ်ဆင်းလိုက်ရသည်နှင့်ပုံစံတူပေသည် ။
"ရေနက်ကြောဝကနေ ကိုယ့်နည်းကိုယ့်ဟန်နဲ့တက်နိုင်မဲ့နည်းလမ်းရှိလား "
" Siren လေ့လာရေးမှတ်တမ်းထဲက
သီအိုရီတွေအရတော့ ဖြစ်နိုင်ချေရှိပေမဲ့ အသူတရာမှော်တောကိုဘယ်သက်ရှိမှဖြတ်နိုင်တဲ့ရာဇဝင်မရှိဖူးဘူး ၊ အခုလိုအပ်တာထက်မှောင်မဲနေတာက အဲ့မှော်တောထဲထိရောက်လာတဲ့အဓိပ္ပါယ်ပဲ""အသက်ကယ်နေရာမပါဘူးလို့ပြောနေတာလား "
"ကိုယ်ပိုင်ထိန်းချုပ်နိုင်တဲ့ အင်ဂျင်တော့ပါပေမဲ့ တစ်ခါမှဒီလိုမဖြစ်ဖူးတော့... ၊ ကျွန်တော်တို့ထွက်ဖွင့်ပြီးပြင်လိုက်ရင်ရပေမဲ့ဒီရေဖိအားအနက်မှာ ယာဥ်ထဲကထွက်ဖို့ နည်းလမ်းမရှိဘူး ၊ အရိုးတွေကျေပြီး ကိုယ်တွင်းကလီစာတွေပျက်စီးလိမ့်မယ် "
"Siren တွေလည်းရှိသေးတယ် "
သူတို့တွက်ချက်နည်းလမ်းရှာနေတုန်းယာဥ်က ပြင်းပြင်းထန်ထန်တိုက်ခိုက်ခံလိုက်ရတယ် ။ အသံတွေက ပိုမိုပြင်းထန်လာပြီး အကာအကွယ်ကိုဖြတ်ကာ သူတို့နားထဲသံစဥ်သဲ့သဲ့ပြန်ဝင်လာခဲ့ပြန်ပြီ ။
"ကျွန်တော်တို့သေတော့မယ်ထင်တယ် "
နားထဲကသွေးယိုထွက်လာတဲ့ တပ်သားက ရူးသွပ်သလိုရယ်ရင်းထိတ်လန့်ခြောက်ခြားစွာပြောလာခဲ့သည် ။