ထိုကိစ္စဖြစ်ပြီး သုံးရက်အထိကောင်လေးက
မေ့မျောသွားခဲ့တယ် ။ လတ်တလောလူမသိစေချင်တာမို့ ဘယ်ဆရာဝန်မှခေါ်မပြဘဲတစ်ယောက်ထဲပြုစုပေးနေဖြစ်ခဲ့သည် ။သတိရလာတဲ့အချိန်ကုတင်ခေါင်းရင်းထိတိုးကပ်ပုန်းပြီးကြောက်ရွံနေတဲ့ကောင်လေးကြောင့်သူ
မသက်မသာဖြစ်ရသည် ။ အရှိုးရာတွေကယခုအချိန်ထိယောင်ယမ်းနေတုန်း ။ ဘဝမှာ
ပထမဦးဆုံးအကြိမ် သူ့ကိုယ်သူ လူယုတ်မာတစ်ယောက်လိုခံစားလာရတယ် ။"ကိုယ်ဘာမှမလုပ်ဘူးမကြောက်နဲ့တော့ "
သူချော့လေပိုကြောက်လေဖြစ်နေတာကြောင့် လက်သီးကိုတင်းတင်းဆုပ်ထားရင်းမလုပ်ဖူးတဲ့အရာကိုလုပ်ဆောင်ဖို့ဆုံးဖြတ်လိုက်တယ် ။ ကောင်လေးကို ရင်ခွင်ထဲတင်းတင်းကျပ်ကျပ်ဆွဲဖက်ရင်းကျောအသာပွတ်ပေးတော့ ပိုတုန်လာသလိုရှိပေမဲ့အချိန်တစ်ခုအကြာမှာတည်ငြိမ်စပြုလာတယ် ။
"ကိုယ်တို့စကားသေချာပြောရအောင် "
"လူသားက သူတို့နဲ့အတူတူပဲ "
ပထမဦးဆုံးပြန်ပြောလာတဲ့စကားသံတိုးတိုးက မယုံနိုင်ခြင်းတွေနဲ့ အပြစ်တင်နေခဲ့တာ ။
"လူတွေအများကြီး အပြစ်မရှိဘဲ သေဆုံးခဲ့ရတာမို့ကိုယ်စိတ်လွတ်သွားတယ် ၊ နောက်တစ်ခါမဖြစ်စေရဘူး ကောင်လေး"
"ဘာလို့အဲ့လိုလုပ်ရတာလဲ "
"ကိုယ်ပြောတာအရင်နားထောင် ၊ မင်းဆန္ဒရှိတဲ့အတိုင်း နှစ်ဖက်စလုံးမှာနာကျင်ရတဲ့သူတွေထပ်မရှိလာအောင်မင်းကူညီပေးလို့ရတယ် ၊ မဟုတ်ရင်နှစ်ဖက်လုံးအတွက်ကိုယ်အာမမခံနိုင်ဘူးကောင်လေး "
"ဘယ် ဘယ်လိုလဲ "
"ဒီပြဿနာကိုဖြေရှင်းနိုင်မဲ့နည်းလမ်း မင်းသိသလောက်သာပြောပြ ၊ ကျန်တာကိုမင်းခိုင်းတဲ့အတိုင်းယုံကြည်ပြီး ကိုယ်အကုန်စွန့်စားပေးမယ် "
"ကျွန်တော်ပြောပြရင် လူသားက... အကုန်ဖမ်းပစ်မှာမလား ဟင့်အင်းကျွန်တော်သိတယ် "
"ကိုယ်ကတိပေးတယ် မင်းတို့မနာကျင်စေရပါဘူး "
ကောင်လေးကမယုံသလိုမော့ကြည့်လာရင်း တည်ကြည်နေတဲ့လူသားရဲ့မျက်နှာကိုမြင်ရတော့တွေဝေသွားခဲ့တယ် ။ နောက်ဆုံးမှာတော့သူဟာ
ခေါင်းအသာညိတ်ပြလိုက်တော့တယ် ။